*284* မသေးသွားပါဘူး

3.5K 549 40
                                    

ရုန်ယိနဲ့ယောင်အာတို့မှာ ထပ်မစောင့်နိုင်တော့ဘဲ အကာအရံစည်းနားသွားလိုက်ကြသည်။

ရုန်ကျွယ့်လီက စိုးရိမ်တကြီးနဲ့အော်ပြောလာ၏။
"ရှောင်ယိ.. အန္တရာယ်များတယ်လေ!"

ရုန်ယိမှာ ဘယ်လိုလုပ် တစ်ခြားသူစကားကိုကြားနိုင်ပါ့ဦးမလဲ။ သူနဲ့ယောင်အာတို့ ခေါင်းတလားထဲကြည့်လိုက်တဲ့အခါ ပိတ်စနဲ့လုပ်ထားတဲ့ချစ်စရာအရုပ်လေးသုံးရုပ်နဲ့ အထဲမှာတစ်ခုခုပုန်းနေသလိုမျိုး လှုပ်ရှားနေတဲ့စောင်လေးတစ်ထည်ကိုတွေ့လိုက်ရလေသည်။

ရုန်ယိနဲ့ယောင်အာတို့ ခေါင်းတလားထဲစိုက်ကြည့်နေတာ တွေ့တဲ့အခါ ဒဏ္ဍာရီအဆင့်ဖုတ်ကောင်တွေရဲ့အကြည့်တွေထဲ ဒေါသအရိပ်အယောင်တွေဖြတ်ပြေးသွားကြသည်။ သူတို့တွေ ရုန်ယိတို့ရဲ့မြင်ကွင်းကို ပိတ်ဆို့တော့မဲ့အချိန်မှာ သုံးနှစ် လေးနှစ်လောက်ရှိတဲ့ ကလေးလေးတစ်ယောက် ခေါင်းတလားထဲကနေတွားထွက်လာလေသည်။

ရုန်ယိနဲ့ယောင်အာတို့မှာ အေးခဲသွားကြပြီး နောက်တစ်က္ကန့်မှာဘဲ စိတ်လှုပ်ရှားစွာ အော်ပြောလာကြ၏။
"ဒါ ကျန်းမုဘဲ!"

ယင်ကျင်းရဲ့ ချီလန်နဲ့ ကျန်သူတွေလည်း သူတို့နံဘေးဆီရောက်လာကြသည်။

အခုထိ အပြည့်အဝမနိုးသေးတဲ့ ကျန်းမုက ရုန်ယိနဲ့ယောင်အာတို့ကို ငေးကြောင်ကြောင်လေး စိုက်ကြည့်နေလေသည်။ အတော်ကြီးကြာမှသာ နောက်ဆုံး အသိပြန်ဝင်လာတော့သည်။ သူရှေ့ကလူကိုတွေ့လိုက်တဲ့အခိုက် ဖေဖေလို့ခေါ်ကာ ခုန်ဝင်သွားလိုက်ပေမဲ့ မမျှော်လင့်ထားစွာနဲ့ အစီအရင်ရဲ့ပြန်ကန်တာခံလိုက်ရလေသည်။

ဒဏ္ဍာရီအဆင့်နဲ့ မသေမျိုးအဆင့် ဖုတ်ကောင်တွေမှာ ရှုပ်ထွေးစွာနဲ့ဘဲ အချင်းချင်းပြန်ကြည့်လိုက်မိကြသည်။

ရုန်ယိ စိုးရိမ်တကြိးမေးလိုက်သည်။
"အဆင်ပြေရဲ့လား!"

ကျန်းမုက အကာအရံရှေ့တစ်ခါ ထပ်ပျံသန်းလာပြန်သည်။ အကာအရံပေါ်လက်လေးတင်ကာ အလွယ်တကူဘဲ ခွေးတိုးပေါက်လောက်ရှိတဲ့ အပေါက်တစ်ပေါက်ဖောက်လိုက်၏။ သူ့နောက်ကဖုတ်ကောင်တွေက လှုပ်ရှားဖို့အသင့်ဖြစ်နေပြီပင်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now