*285* သူမွေးထားတာ

3.7K 530 16
                                    

ရုန်မိသားစုက လူအိုကြီးတွေမှာ ယင်ကျင်းရဲ့ဘယ်သူဆိုတာသိလိုက်ရတဲ့အခါ အလွန်အံ့အားသင့်သွားကြပြီး ဖုမိသားစုက အမြဲတမ်း နံပါတ်တစ်ကျင့်ကြံရေးမိသားစုဆိုတဲ့နေရာကို ဒီလောက်အကြာကြီး ယူထားနိုင်ခဲ့တာ မထူးဆန်းတော့ပါဘူး..ဒီလိုစွမ်းအားကြီး မသေမျိုးနတ်ဘုရားတစ်ယောက်ထိန်းချုပ်ထားမှတော့ တစ်ခြားသူတွေမှာ အခွင့်အရေးတစ်ခုတောင်ရှိမှာမဟုတ်တော့ဘူးဟု တွေးလိုက်မိကြသည်။ သူတို့ကို ပိုအံ့သြစေတာကတော့ ထိုနတ်ဘုရားဖြစ်လာတဲ့သူက သူတို့ရဲ့မျိုးဆက်အငယ်လေးတွေထဲကတစ်ယောက်ရဲ့ လက်တွဲဖော်ဖြစ်နေခဲ့တာပင်။ ဒါက ရုန်မိသားစုအတွက်တော့ ဂုဏ်ယူစရာတစ်ခုပင်။

သူတို့ဘာလို့လျှို့ဝှက်နယ်မြေထဲဝင်သွားကြတာလဲ သိသွားတဲ့အခါ ထိုလူအိုကြီးတွေက သူတို့ကို အပြစ်လည်းမပေးသလို ဆူလည်းမဆူကြတော့ဘဲ နောက်တစ်ခေါက်ထပ်မလုပ်ရန်သာပြောလေသည်။

ထိုလူအိုကြီးတွေနဲ့ကိစ္စပြီးတော့မှဘဲ ရုန်ချီမှာ သက်ပြင်းချလိုက်မိ၏။ သူဖုန်းထုတ်ကာ သူ့ရဲ့ live လွှင့်တဲ့ဟာကိုကြည့်လိုက်သည်။ သူ တစ်ကယ်ကြီး တစ်နာရီအတွင်း ငါးသန်းရခဲ့ပြီး သူ့ပရိတ်သတ်တွေကလည်း ငါးသိန်းတောင်ကျော်သွားခဲ့လေသည်။ 
"ဘုရား!.. ငါအမြင်မှားတာလားဟ!.. ဆယ် ရာ ထောင် သောင်း သိန်း.. သန်း...."

ထိုထဲက သုံးသန်းက နောက်မှရောက်လာတဲ့သူတွေပေးထားကြတာဖြစ်၏။

ဆရာတော်က သိချင်စွာနဲ့ မေးလာသည်။
"ဒကာလေးရုန်ချီ... ဘာတွေရေတွက်နေတာလဲ"

"ကျွန်တော် အစောက လျှို့ဝှက်နယ်မြေထဲမှာရှိနေတုန်းက ပလက်ဖောင်းတစ်ခုမှာ live လွှင့်ခဲ့တယ်လေ.. တစ်နာရီဘဲရှိသေးတဲ့ဟာ.. ပလက်ဖောင်းအတွက် ပေးရတာကိုဖယ်ပြီးရင်တောင် တစ်ကယ်ကြီးနှစ်သန်းကျော်ရှာနိုင်ခဲ့တာ..ဟားဟား.. ဒါတစ်ကယ့်ကို အလွယ်ရလိုက်တဲ့ပိုက်ဆံတွေဘဲဗျ.. အရင်က မိတ်ကပ်ပြင်တဲ့ live တွေဆို ကြည့်တဲ့သူက တစ်ထောင်ကျော်ကျော်လေးရှိတာ"

သူရုတ်တရက် အတော်လေးကောင်းတဲ့နည်းလမ်းကိုရှာတွေ့သွားခဲ့ပေမဲ့ စိတ်မကောင်းစွာနဲ့ဘဲ သူ့ကျင့်ကြံရေးကနိမ့်လွန်းနေတာကြောင့် လျှို့ဝှက်နယ်မြေထဲဝင်ဖို့ဆိုတာ သူ့အတွက်တော့ အခွင့်အရေးနည်းပါးလွန်းလှ၏။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now