*286* ကျွန်တော်တို့ကလေးတွေပြန်ရောက်လာပြီ

3.8K 578 30
                                    

ရုန်ယိ ယင်ကျင်းရဲ့ကို သူ့အခန်းကိုလိုက်ပြနေချိန် ရုတ်တရက်ကလေးငိုသံလေးကြားလိုက်ရသည်။ သူနားမလည်စွာနဲ့ ယင်ကျင်းရဲ့ကိုကြည့်လိုက်သည်။

"ခင်ဗျားရော ကလေးငိုသံကြားလိုက်လား"

ယင်ကျင်းရဲ့ခေါင်းငြိမ့်လိုက်သည်။

"အင်း"

"ကျွန်တော်က ကိုယ့်ဘာသာ နားကြားမှားတယ်ထင်နေတာ.. ထူးဆန်းတယ်..ကျွန်တော်တို့အိမ်ထဲ ဘာလို့ကလေးငိုသံရှိနေရတာလဲ"

ရုန်ယိ တံခါးဖွင့်လိုက်တဲ့အခါ ကလေးငိုသံက အောက်ထပ်ကလာနေတာကြားလိုက်ရ၏။ သူအောက်ထပ်ကရေချိုးခန်းဆီသို့ ယင်ကျင်းရဲ့နဲ့အတူ ဆင်းလာခဲ့လိုက်သည်။ ထို့နောက်မှာတော့ ဦးလေးကျိုးနဲ့ အိမ်စေလေးတစ်ယောက်က ဗျာများစွာဖြင့် ကလေးလေးတစ်ယောက်ကို ရေချိုးပေးနေတာ တွေ့လိုက်ရ၏။

"ဦးလေးကျိုး.. ဒါ ဘယ်သူ့ကလေးလဲ"

"သခင်လေးကျင်းက ကျွန်တော့်ကို ဒီကလေးပေးလိုက်တာပါ"

"ကျွန်တော့်အစ်ကိုကြီးလား.. သူက ဒီကလေးကို ဘယ်ကရတုန်း"

ရုန်ယိ တအံ့တသြနဲ့ မေးလိုက်မိသည်။

ယင်ကျင်းရဲ့ - "ဒီကလေးကိုယ်ပေါ်မှာ မိစ္ဆာချီတွေရှိတယ်.. သူကမိစ္ဆာဘဲ"

က​လေးငိုသံကြားလို့ဆင်းလာတဲ့ ရုန်ကျင်းနဲ့ချီလန်တို့က ရုန်ယိကိုပြောလာသည်။

"ဒါ မင်း ချီလန့်ကိုပေးခဲ့တဲ့ငုံးဥလေးကနေ ပေါက်လာတဲ့အကောင်ပေါက်လေးလေ"

ရုန်ယိမှာ လုံးဝကိုခေါင်းခြောက်သွားလေသည်။

"ကျွန်တော် သူ့ကိုဘယ်တုန်းက ဥတစ်လုံးပေးခဲ့လို့လဲ"

ချီလန်က နှာခေါင်းရှုံ့လိုက်ကာ

"မင်း ယောင်အာ့ကိုခိုးခဲ့တုန်းက ဥတစ်လုံးသုံးပြီးခိုးခဲ့တာရော မှတ်မိသေးလား"

ရုန်ယိ ဒါကိုတော့သေချာပေါက်မှတ်မိတာပေါ့။ သူအနေရခက်စွာပြုံးပြလိုက်၏။

"ခင်ဗျား ဒီဥကိုလွှတ်ပစ်လိုက်ပြီ ထင်နေတာ"

ချီလန်က နောက်ထပ် နှာခေါင်းရှုံ့လိုက်သည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now