Extra *1*

1.4K 275 2
                                    

ရုန်ယိနဲ့ ယင်ကျင်းရဲ့တို့လက်ထပ်ပွဲက ခမ်းနားကြီးကျယ်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့သည်။ ရှေးရိုးရာမင်္ဂလာပွဲအခမ်းအနားဟာ လူတိုင်းရဲ့မှတ်ဉာဏ်ထဲ စွဲထင်ကျန်နေတော့မှာဖြစ်ကာ ပွဲပြီးသွားတာတောင်မှ သူတို့မှာမပြန်နိုင်ကြသေး။

ထိုည၌ ပါဆီရိုက ရုန်ယိတို့ကို အနောက်ပိုင်းတိုက်ကြီးကမြို့တစ်မြို့မှာ ဟန်းနီးမွန်းထွက်ဖို့ ဖိတ်ကြားခဲ့ပြီး ထိုမြို့ရဲ့ရာသီဥတုဟာ တစ်နှစ်ပတ်လုံး နွေရာသီကဲ့သို့ပင်။ နောက်တစ်နေ့မနက်၌ ယင်ကျင်းရဲ့နှင့်ရုန်ယိတို့ ပင်လယ်ကမ်းခြေကဟိုတယ်ဆီ နေရာကူးပြောင်းစွမ်းရည်သုံးကာသွားလိုက်ကြပြီး အခန်းယူကြပြီးနောက် ကမ်းခြေဆီဆင်းလာလိုက်ကြ၏။

ရုန်ယိတစ်ယောက်တော့ ချက်ချင်းဘဲ ပြာလဲ့နေတဲ့ပင်လယ်နှင့်ကြည်စင်နေတဲ့ကောင်းကင်ကြီးတို့ရဲ့ ညှို့ယူဖမ်းစားတာကိုခံလိုက်ရလေသည်။ ရိုမန့်တစ်ဆန်တဲ့လေထုနဲ့ စုံတွဲတွေသွားလိုက်လာလိုက်ရှိနေကြတဲ့ ပတ်ပတ်လည်ကနေရာတွေကို သူတစ်ကယ့်ကိုသဘောကျနေမိသည်။ သူယင်ကျင်းရဲ့ကိုဖက်ကာ ပြောလိုက်သည်။

"ပါဆီရို ညွှန်းပေးတဲ့နေရာက တစ်ကယ်မဆိုးဘူးဘဲနော်"

ယင်ကျင်းရဲ့လည်း ဒီနေရာကို အတော်လေးစိတ်တိုင်းကျ၏။ သူခေါင်းငုံ့ကာ ရုန်ယိနှုတ်ခမ်းတွေကိုနမ်းရှိုက်လိုက်လေသည်။ ရုတ်တရက် အော်သံတစ်သံထွက်လာသည်။

"အဖေ....ဖေဖေ... ဒီဘက်လှည့်ဦး... ကင်မရာဘက် လှည့်ရယ်ပြဦး..."

ရင်းနှီးနေတဲ့အသံကြားလိုက်တာနဲ့ ထိကပ်တော့မဲ့နှုတ်ခမ်းနှစ်လွှာမှာ လေထဲမှာတင်အေးခဲသွားကြတော့သည်။ ရုန်ယိနဲ့ယင်ကျင်းရဲ့တို့ ခေါင်းလှည့်ကြည့်တဲ့အခါ ယောင်အာတစ်ယောက် ကင်မရာတစ်လုံးကိုင်ကာ သူတို့ကိုရယ်ပြနေတာတွေ့လိုက်ရ၏။

ရုန်ယိ ကူကယ်ရာမဲ့စွာ ပြောလိုက်မိသည်။
"ယောင်အာရေ... မင်းက ဒီမှာဘာလုပ်နေတာလဲကွာ"

"သားတစ်ယောက်တည်းမဟုတ်ဘူး... ဘိုးဘိုးရော ဘွားဘွားရော ပြီးတော့ လူတိုင်းပါတယ်"

ယောင်အာကနောက်လှည့်ကာ သူ့နောက်ကိုညွှန်ပြလေသည်။

ရုန်ယိနဲ့ယင်ကျင်းရဲ့တို့ လှမ်းကြည့်လိုက်တဲ့အခါ ရုန်ယိအမေ ၊ ရုန်ယိအဖေ ၊ ရုန်ချီ ၊ ရုန်ကျစ်ယောင် ၊ ပိုင်ရှင်းဖေး ၊ ရုန်ကျင်း ၊ ချီလန် နဲ့ ကလေးတွေအကုန်ပါလာကြတာတွေ့လိုက်ရသည်။ ဒီနေရာကိုညွှန်းပေးထားတဲ့ ပါဆီရိုနဲ့လိုဂတ်စ်တို့ပါ ရောက်လာကြ၏။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now