*301* သားထက်မြေးတွေကိုပိုချစ်တာဘဲ

2.5K 447 6
                                    

တစ်နာရီကြာပြီးနောက် ဆရာတော်ကောမင်က ဆရာတော်ကောဟွေရဲ့အခြေအနေကိုပြန်ရှင်းပြရန်အတွက် ယင်အိမ်တော်ကနေထွက်ကာ တကော်ဘုံကျောင်းဆီပြန်သွားတော့သည်။

ရုန်ယိ ဆရာတော့်မျက်နှာလေးကို ကြည့်ကာပြောလိုက်သည်။
"ကျွန်တော့်အစ်ကိုကြီးက အရမ်းဉာဏ်ကောင်းတာ.. ဒီကလေးဘယ်သူဆိုတာ သူခန့်မှန်းနိုင်မှာ သေချာပေါက်ဘဲ.. တစ်ခြားသူတွေလည်း အနှေးနဲ့အမြန်သိသွားကြမှာ"

ဒါက ဖုံးကွယ်ထားလို့မရနိုင်မှန်း ရုန်ချီလည်းသိသည်။
"ငါတို့သူ့ကို ရုပ်သွင်ပြောင်းဆေးတစ်လုံးပေးပြီး သူ့ရုပ်လေးကိုယာယီပြောင်းလိုက်ကြရင်ရော"

"အင်း အဲ့တာကအလုပ်ဖြစ်တယ်.. ဒါပေမဲ့ ကျင့်ကြံဆင့်မြင့်တဲ့သူတွေနဲ့တွေ့တဲ့အခါ ကျွန်တော်တို့ဖုံးကွယ်လို့ရမှာမဟုတ်ပြန်ဘူး.. သူ့ရုပ်ရည်အစစ်ကို သူတို့တွေ ဖောက်မြင်နိုင်ကြမှာဘဲ"

ထိုအခါ ရုန်ချီ ယင်ကျင်းရဲ့ကို အကူအညီတောင်းလိုက်၏။
"ယောက်ဖလေး.. မင်းရဲ့စွမ်းအားကမြင့်တော့လေ.. မင်းမှာနည်းလမ်းရှိမှာပေါ..ဟုတ်တယ်မလား"

ရုန်ယိ "..."

ယင်ကျင်းရဲ့ နှုတ်ခမ်းစွန်းလေးတွေပင့်တက်သွားရင်း ပြောလေသည်။
"မင်းငါ့ကို ယောက်ဖလို့ခေါ်လိုက်တဲ့အတွက် ကူညီပေးလိုက်မယ်"

ရုန်ချီ ပြုံးဖြီးသွားတော့သည်။

ထို့နောက် ယင်ကျင်းရဲ့ ဆရာတော်ရဲ့မျက်နှာဆီ ရွှေရောင်အလင်းတန်းလေးတစ်ခုပစ်လွှတ်လိုက်သည်။ ထိုအခါ ဆရာတော်မှာ တစ်ခြားမျက်နှာတစ်ခုသို့ပြောင်းသွားတော့၏။

"အရမ်းချောတာဘဲ"
ရုန်ချီ ဆရာတော်ရဲ့ကတုံးလေးကို ပျော်မြူးစွာ နမ်းလိုက်သည်။

ရုန်ယိမှာ အံ့သြသွားဟန်နဲ့ အသံပို့မေးလိုက်၏။
"ကလေးတွေအဖေ.. ခင်ဗျားဘာလို့ ဖောရှင်းမျက်နှာကို ပြောင်းပေးလိုက်တာလဲ"

"ကိုယ်က ကလေးတွေနဲ့ထိတွေ့တာရှားတယ်လေ.. ပြီးတော့ သူ့မျက်နှာကိုဘယ်သူ့ပုံပြောင်းရမလဲ မစဥ်းစားချင်တော့လို့.. ဖောရှင်းမျက်နှာဘဲ တိုက်ရိုက်ပြောင်းပေးလိုက်တာ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now