Extra 9

1.8K 330 0
                                    

ကျောင်းသားသစ်တွေရဲ့ ကြိုဆိုပွဲအခမ်းအနားက အားကစားရုံမှာ မနက်၉နာရီမှ နေ့လည် ၁၂နာရီထိ ဖြစ်သည်။

အခမ်းအနားပြီးနောက် သူတို့တွေ ကန်တင်းမှာ သွားစားသောက်ကြကာ ပြီးမှ အိပ်ဖို့အတွက် အဆောင်ခန်းကိုပြန်ကြ၏။

ချီကျင်းမှာ မနေ့ညက သူတွေ့ခဲ့တဲ့ အမျိုးသားတစ္ဆေက ရုပ်ဆိုးဆိုးသရဲကြီးပြောင်းသွားကာ သူ့ကိုနောက်ကလိုက်ဖမ်းနေတာကို အိပ်မက်တွေမက်ပြီး ညကတစ်ညလုံးကောင်းကောင်းမအိပ်ခဲ့ရ။ အဆောင်ခန်းပြန်ရောက်တာနဲ့ သူ ယင်မင်ကို အိပ်ရာဆီ ချက်ချင်းဆွဲခေါ်သွားကာ အိပ်တော့သည်။ ဗုဒ္ဓရောင်ဝါရှိနေသူတစ်ယောက်ကို ဖက်အိပ်ရတာက တစ်ကယ်အတော်လေးစိတ်ချလက်ချအိပ်နိုင်ပြီး ဘာအိပ်မက်ဆိုးမှလည်းမမက်တော့ပေ။

ပါးစပ်ထောင့်ကနေ သွားရည်လေးတွေစီးကျနေတဲ့ ချီကျင်းလေးကိုကြည့်ကာ ယင်မင် ရယ်လိုက်မိသည်။ တစ်သျှူးနဲ့ သားရည်တွေသုတ်ပေးလိုက်ပြီးနောက် သူလည်းအိပ်ဖို့မျက်လုံးတွေမှိတ်ချလိုက်တော့သည်။ ကျင့်ကြံသူတွေက အိပ်ဖို့မလိုဘူးဆိုပေမဲ့ အားကစားရုံကပြန်လာပြီးကတည်းက တစ်ယောက်ယောက်ကမန္တန်တွေရွတ်ဆိုနေသလိုမျိုး သူ့နားထင်တွေ ထိုးကိုက်နေသည်။

အိပ်ပျော်သွားပြီးနောက် ရှေးခေတ်ဝတ်စုံတွေဝတ်ဆင်ထားကြတဲ့ ဘုန်းကြီးတွေနဲ့ ​ကျင့်ကြံသူတစ်အုပ်ကြီးကို သူအိပ်မက်မက်ခဲ့ပြီး ရှေးခေတ်အိမ်များစွာလည်း တွေ့ရသည်။ သူက ကလေးလေးကနေ လူအများကြည်ညိုလေးစားကြတဲ့ဘုန်းကြီးဖြစ်လာကာ တစ်ခြားသူတွေက သူ့ကို ဖောရှင်းလို့ခေါ်ဆိုကြသည်။ နောက်တော့ ရှေးခေတ်ဝတ်စုံတွေနဲ့ ယင်ကျင်းရဲ့နဲ့ရုန်ယိတို့ကိုပါ သူတွေ့သည်။

အိပ်မက်က ထိုနေရာထိရောက်တဲ့အခါ သီချင်းသံတစ်သံက သူ့အိပ်မက်ကိုဖြတ်တောက်လိုက်ပြီး ဟွမ်ယွမ်ရဲ့အသံတိုးတိုးကိုပါ သူခပ်ရေးရေးကြားလိုက်ရသည်။

"အမေ.."

ဟွမ်ယွမ်က သူများတွေအိပ်နေတာကို နှောင့်ယှက်မိမှာစိုးတာကြောင့် အသံတိုးတိုးနဲ့ပြောပြီး အပြင်ထွက်ဖုန်းပြောဖို့လုပ်လိုက်သည်။ ဒါပေမဲ့ သူတံခါးတောင်မဖွင့်ရသေးခင် ဖုန်းတစ်ဖက်မှ သူ့အမေက သူ့အသံကြားတာနဲ့ ချက်ချင်း ငိုကြွေးလာတော့၏။ ဟွမ်ယွမ် စိုးရိမ်တကြီးပြန်မေးလိုက်သည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now