ရုန်ယိ အမြန်မေးလိုက်သည်။
"ဘာတွေဖြစ်ခဲ့လို့လဲ"သူ ကျန်းမုအကြောင်းသိချင်နေတာ သိတာကြောင့် ယင်ကျင်းရဲ့ ကျန်းမုကိစ္စကနေစပြောပြလိုက်သည်။
"မင်းကလည်းထွက်သွားပြီး ကိုယ်ကလည်းမေ့မြောနေတယ်.. ဒါ့အပြင် ထောင်အာနဲ့ စန်စန်တို့ကလည်း...."ကလေးနှစ်ယောက်အကြောင်းပြောလိုက်တာနဲ့ နှစ်ယောက်လုံး စိတ်အခြေအနေမတည်မငြိမ်ဖြစ်လာတော့သည်။
ယင်ကျင်းရဲ့ အသက်ပြင်းပြင်းတစ်ချက်ရှူကာ ဆက်ပြောလာ၏။
"ကျန်းမုက ဒါကိုလက်သင့်မခံနိုင်ဘဲ စိတ်လွတ်ထွက်သွားသလိုမျိုးဖြစ်ပြီး လူတွေသတ် သွေးစုပ်လာတယ်.. အဲ့တာကြောင့် ကျင့်ကြံသူတွေက အတူပေါင်းပြီး သူ့ကိုသတ်ဖို့လုပ်လာကြရော.. ဒါတွေပြီးတော့ ဖောရှင်းကသူ့ကိုအဝေးကိုခေါ်ထုတ်သွားခဲ့တာဘဲ.. သူဘယ်ရောက်သွားလဲ ဘယ်သူမှမသိကြဘူး.. ကိုယ်ကွမ်ယင်ဘုံကျောင်းကိုတစ်ခါသွားပြီး ဆရာတော်ကို ဖောရှင်းနဲ့ကျန်းမုတို့ဘယ်ရောက်သွားလဲဆိုတာ မေးဖူးတယ်.. ဒါပေမဲ့ ဆရာတော်လည်းမသိဘူး.. ဖောရှင်းက ဗုဒ္ဓဆီသွားတွေ့လောက်တယ်ဆိုတာဘဲ ပြောတယ်.. ပြီးတော့ ဒီနှစ်တွေတစ်လျှောက် ဖောရှင်းကို ဘယ်တော့မှထပ်မတွေ့ရတော့ဘူး""ဒီငတုံးလေး..."
ကျန်းမုစိတ်လွတ်ထွက်သွားရတဲ့အကြောင်းပြချက်က သူတို့ကြောင့်ဆိုတာတွေးရင်း ရုန်ယိ တော်တော်လေးစိတ်မကောင်းဖြစ်သွားရသည်။
"သူ ဖောရှင်းနဲ့အတူ ဗုဒ္ဓဆီသွားတွေ့တာ ဖြစ်နိုင်လား"ယင်ကျင်းရဲ့လည်း သူ့မေးခွန်းကို မဖြေနိုင်။ ဒါပေမဲ့သူကတော့ မဖြစ်နိုင်လောက်ဘူးဟုထင်သည်။
"ဖောရှင်းကလည်း သူ့ကိုဘယ်ခေါ်သွားမယ်ဆိုတာ တစ်ခြားသူတွေကို ပြောပြခဲ့လို့မရဘူးလား"
ကျန်းမုဘယ်မှာလဲဆိုတာ ရုန်ယိတစ်ကယ့်ကိုသိချင်နေမိသည်။ယင်ကျင်းရဲ့ သူ့ကိုနှစ်သိမ့်ပေးလိုက်သည်။
"ဖောရှင်းက ဘုန်းကြီးတစ်ပါးပါ.. သူ့ကိုသတ်မှာမဟုတ်ဘူး.. ကျန်းမု တစ်နေရာရာမှာ အသက်ရှင်နေဦးမှာပါ"ရုန်ယိခေါင်းငြိမ့်လိုက်၏။
"ကျန်တဲ့သူတွေကရော.. ကျွန်တော့်အမေနဲ့ တစ်ခြားသူတွေ ဘယ်လိုလဲ"
![](https://img.wattpad.com/cover/326548876-288-k190725.jpg)
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**