*305* နိဂုံး

3.1K 492 20
                                    

ရုန်ယိအမေက ပြန်ဖြေလေသည်။
"ဒီပုံထဲကအတိုင်း မင်္ဂလာဝတ်စုံနှစ်စုံကို ငါအိပ်မက်ခဲ့လို့လေ.. သူတို့က မင်းတို့နဲ့သာဆိုအတော်လေးလိုက်မယ်ထင်လို့ ဒါကြောင့် နည်းနည်းလေးပြောင်းလဲထားတယ်.. ဘယ်လိုထင်ကြလဲ.. ကြည့်ကောင်းတယ်မလား.. အကယ်၍ စိတ်တိုင်းမကျဘူး.. ဒါမှမဟုတ် ရိုးရာဝတ်စုံကိုသဘောမကျဘူးဆိုလည်း ငါအနောက်တိုင်းဝတ်စုံနည်းနည်းလောက် ထပ်ပြင်ခိုင်းထားလိုက်မယ်လေ"

ရုန်ယိပြုံးကာ
"ကျွန်တော်အရမ်းသဘောကျတယ်"

ယင်ကျင်းရဲ့ - "ဒီမနက်ကဘဲ မင်္ဂလာပွဲအတွက် ဝတ်စုံမှာထားသေးတယ်.. အမေထပ်မှာစရာမလိုတော့ပါဘူး.. ပွဲနေ့ကျရင် ဧည့်သည်တွေအကုန်လုံးလည်း ရိုးရာဝတ်စုံဘဲဝတ်ကြလိမ့်မယ်.. တစ်ခြားဟာတွေတော့ မကန့်သတ်ထားဘူး"

သူတို့ဖိတ်ကြားထားသူတွေအကုန်လုံးက ကျင့်ကြံသူမိသားစုဝင်တွေချည်းဘဲဆိုတော့ ရိုးရာဝတ်စုံဝတ်နိုင်ကြသူတွေချည်းပင်။ ဒါ့အပြင် တစ်ချို့မိသားစုကြီးတွေဆို ယခုတိုင်အောင် အိမ်မှာရိုးရာဝတ်စုံတွေဘဲ ဝတ်နေကြဆဲဖြစ်တာကြောင့် သူတို့တောင်းဆိုချက်က အရမ်းများတာတော့မဟုတ်။

ရုန်ယိအမေက ရုန်ယိကိုမေးသည်။
"ရှောင်ယိ... တစ်ခြားရော မင်းဘာလိုအပ်သေးလဲ"

ရုန်ယိ စဉ်းစားကြည့်လိုက်ပြီး
"အိမ်က ကလေးတွေအကုန်လုံးကို ပွဲမှာ ပန်းကြဲတဲ့ကလေးတွေအဖြစ်လုပ်စေချင်တယ်"

ယင်ကျင်းရဲ့ ပြုံးသွား၏။
"ဒီတောင်းဆိုချက်သေးသေးလေးဘဲလား"

"တစ်ခြားရောဘာရှိသေးလဲ... ဘယ်လိုခန်းဝင်ပစ္စည်းမျိုးတို့.. ခန်းဝင်ပစ္စည်းဘယ်လောက်လောက်လိုချင်တာတို့လေ..."

ရုန်ယိမှာ ကြောင်အသွားပြီးမှ မျက်ဆန်လှန်လိုက်မိသည်။
"ကျွန်တော့်ကိုမိန်းကလေးလို့ သဘောထားနေတာလား.. ခန်းဝင်ပစ္စည်းတွေက လိုသေးလို့လား"

ယင်ကျင်းရဲ့အသာပြုံးရင်း ရှေးခေတ်ကသုံးတဲ့ စာရင်းစာလိပ်အနီလေးနဲ့ သိုလှောင်လက်စွပ်တစ်ကွင်းပေးလာသည်။

"ဘာကြီးလဲ"
ရုန်ယိ သိချင်စိတ်နဲ့ စာလိပ်နီလေးကိုဖွင့်ဖတ်ကြည့်လိုက်သည်။
"သက်တံ့ရောင်သဲ သေတ္တာတစ်ထောင် ၊ ဝိညာဉ်ကျောက်ရိုး သေတ္တာနှစ်ထောင် ၊ တိမ်ကျားသစ်အရေခွံ သေတ္တာနှစ်ရာ......"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now