*278* ယင်ကျင်းရဲ့အသက်ရှင်နေသေးတယ်

3K 481 25
                                    

ရုန်ယိ ဘဝင်မြင့်နေဟန်လေးနဲ့ပြောလိုက်သည်။

"ကျွန်တော်က ခင်ဗျားယင်ဟန့်ပုံစံနဲ့ရှိသေးတဲ့အချိန်တည်းက မြင်မြင်ချင်းခင်ဗျားကိုမှတ်မိတာနော်.. ခင်ဗျားပုံစံက ငယ်ငယ်ကပုံစံနဲ့မတူတာတောင်မှ ခင်ဗျားဆိုတာ သေချာသိတယ်"

ဖုမိသားစုခေါင်းဆောင်ရဲ့မွေးနေ့ပွဲက သူတို့ရဲ့ပထမဆုံးတွေ့ဆုံမှုကိုပြန်တွေးလိုက်မိပြီး ယင်ကျင်းရဲ့ ပြုံးရင်းမေးကြည့်လိုက်သည်။

"ကိုယ့်ပုံစံဖြစ်နေတဲ့ရှို့ကျို့ကို ဘာလို့ကိုယ်ပြန်ဝင်စားတာလို့မထင်ခဲ့တာလဲ"

"ကျွန်တော် ဒီကိုပြန်ရောက်လာပြီးနောက်ပိုင်း ပန်းချီကားကနေတဆင့် ခင်ဗျားအကြောင်းတွေစုံစမ်းခဲ့တယ်.. နောက်ပိုင်းကျတော့ မွေးနေ့ပွဲမှာ ရှို့ကျို့ကိုတွေ့ခဲ့ပေမဲ့ သူ့အပေါ်မှာ ဘာခံစားချက်တစ်ခုလေးမှတောင်ရှိမနေဘူး.. ကျွန်တော့်အတွက်ကတော့ သူ့ဆီမှာ ခင်ဗျားရဲ့ပုံပန်းသွင်ပြင်ရှိနေရုံဘဲ.. ဒါနဲ့ သူကဘာလို့ခင်ဗျားပုံစံပြောင်းသွားရတာလဲ"

"ဒါက မင်းအတွက် ကောင်းကင်ဘုံရဲ့စစ်ဆေးမှုဘဲလေ.. မင်း ကိုယ့်ကိုမှတ်မိရဲ့လားဆိုတာနဲ့ ကိုယ်ကအဘိုးကြီးဖြစ်သွားတယ်ဆိုတဲ့အချက်ကို လက်ခံနိုင်ရဲ့လားဆိုတာပေါ့"

ရုန်ယိ သူ့ကိုမြင်မြင်ချင်းမှတ်မိသွားခဲ့တာကြောင့် ယင်ကျင်းရဲ့ တစ်ကယ်ဝမ်းသာမိသည်။ သူအသက်ကြီးသွားတာကို မနှစ်သက်တာမျိုးမရှိသလို သူ့ကိုကပ်တွယ်ထားခဲ့ပြီး လက်လွှတ်မပေးခဲ့။

"ကိုယ့်အထင်တော့ ကောင်းကင်ဘုံက မင်းကိုစမ်းသပ်ချင်တယ်ပြောခဲ့ပေမဲ့ တစ်ကယ်တမ်းက ကိုယ်တို့နှစ်ယောက်ကြားထဲက ဆက်ဆံရေးကိုစမ်းသပ်နေတာဘဲ"

"ကျွန်တော်သာ ခင်ဗျားကိုမမှတ်မိခဲ့ဘူးဆိုရင် ဘာဖြစ်မှာလဲ"

ယင်ကျင်းရဲ့က အဖြေမပေးဘဲပြန်မေးလာ၏။

"မင်းရောဘယ်လိုထင်လဲ"

"အကယ်၍ ကျွန်တော်သာခင်ဗျားကိုမမှတ်မိခဲ့ရင် ခင်ဗျားအရမ်းစိတ်မကောင်းဖြစ်ပြီး ကျွန်တော့်ကိုစိတ်ပျက်သွားမှာပေါ့.. နောက်ဆုံးမှာ ကျွန်တော်တို့ အတူထပ်ရှိနိုင်ကြမှာမဟုတ်တော့ဘူး.. ကံကောင်းလို့ ကျွန်တော် ခင်ဗျားကိုမြင်မြင်ချင်းမှတ်မိခဲ့ပြီး ခင်ဗျားပေါ်မှာရှိတဲ့ကျွန်တော့်ခံစားချက်တွေကို ယုံကြည်ခဲ့လို့ပေါ့"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now