Extra 13

2K 315 0
                                    

လက်ပူးလက်ကြပ်မိခံလိုက်ရတဲ့အခါ ယင်ထောင်မှာ အနည်းငယ်မျက်နှာပူသွားသည်။ သူ့ရှေ့က မိန်းကလေးက အတော်လေးလှပတာကိုတော့ သူမငြင်းနိုင်ပေ။ ဒါပေမဲ့လည်း သူ့ရင်ထဲမှာတော့ ချဥ်တူးနေကာ သူမ ကျန်းမုဘေးမှာရပ်နေတာမြင်ရလိုက်တာကြောင့် စိတ်အခြေအနေကတော့ကောင်းမနေပေ။

"မင်းက တာ့ကောရဲ့ရည်းစားလား"
ဒါပေမဲ့ သူနဲ့ကျန်းမုတို့က နေ့တိုင်းအတူရှိနေကြတာဖြစ်ပြီး သူ့ကိုလည်း တစ်ခြားမိန်းကလေးတွေနဲ့တွဲမမြင်ဖူးခဲ့။ ဒါကို ဘာကြောင့်များ ကျန်းမုက ဒီမိန်းကလေးနဲ့ ဒီလောက်ထိ တရင်းတနှီးဖြစ်နေမှန်းမသိ။ သူမမွေးခင်ကတည်းက ကျန်းမုက သူမနဲ့သိခဲ့တာများလား။

မိန်းကလေးက သူ့ကိုမေးသည်။
"ဒါဆို ငါ့ကို နင့်တာ့ကောရဲ့ရည်းစား ဖြစ်စေချင်လား"

မဖြစ်စေချင်ပါဘူး!
ယင်ထောင် စိတ်ထဲမှာပြောလိုက်မိသည်။ သူ့တာ့ကောရည်းစားရသွားတာ သူမလိုချင်ပေ။ မိန်းမဆို ပိုတောင်ဆိုးသေး၏။ သူ့ရဲ့တာ့ကောကို သူနဲ့သာရှိစေချင်သည်။
ဒါပေမဲ့ ဒါက နည်းနည်းတော့တစ်ကိုယ်ကောင်းဆန်မနေဘူးလား။

သူတိုးတိုးလေးပြန်ပြောလိုက်သည်။
"ဒီကိစ္စက ငါစိတ်ထဲရှိသလို ဆုံးဖြတ်လိုက်လို့ရတဲ့ ကိစ္စမဟုတ်ဘူး"

"ဒါပေမဲ့ နင်နဲ့နင့်ကောတို့က ဆက်ဆံရေးအရမ်းကောင်းကြတယ်လေ.. စားတာဘဲဖြစ်ဖြစ် ၊ အဆောင်ပြန်အိပ်တာဘဲဖြစ်ဖြစ် နင်တို့ကပူးကပ်နေကြတာဘဲဟာ.. နင်တို့ တပူးပူးတတွဲတွဲဖြစ်နေတာက စုံတွဲနဲ့တောင်တူသေးတယ်.. ငါ့ကို မနာလိုပြီးအားကျစေတယ်လေ"

ယင်ထောင် အလန့်တကြားဖြစ်သွားပြီး သူနဲ့ကျန်းမုရဲ့အပြုအမူတွေကို တီဗီထဲက စုံတွဲတွေနဲ့နှိုင်းယှဥ်ကြည့်လိုက်သည်။ အတွဲတွေနဲ့ ဘာမှမကွာခြားတဲ့အပြင် သူတို့ကတောင်မှ ထိုစုံတွဲတွေထက် ပိုတရင်းတနှီးရှိကြသေး၏။ ဒါပေမဲ့ သူကတော့ သူတို့ကြားကဆက်ဆံရေးက ဘာမှမမှားဘူးလို့ဘဲထင်သည်။ ထိုသို့တရင်းတနှီးရှိတာကို သူကပိုတောင်ကြိုက်ပြီး ဒီထက်ပိုရင်းနှီးနိုင်ရင် ပိုတောင်ကောင်းသေးသည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now