*271* ကျွန်တော်ခင်ဗျားနဲ့အိပ်ဖို့လာတာ

3.1K 469 24
                                    

တစ်ဖက်လူက ပြန်မဖြေ။ ဒါပေမဲ့ ထိုသူ့ရဲ့တိုက်ကွက်တွေအကုန်လုံးက သူ့ကိုသတ်ဖြတ်ဖို့ကြိုးစားနေလေသည်။

ရုန်ယိလည်းဘဲ ညှာမနေတော့ဘဲ သူ့ဓားချီတွေသုံးကာ ထိုသူ့ကို ပြတင်းပေါက်ကနေ ပစ်ထုတ်လိုက်သည်။

ထိုလူမှာ မြေပြင်ထက် အပြင်းအထန်ပြုတ်ကျသွားကာ ​ထို့နောက်မှာတော့ လူတစ်စုပြေးထွက်လာပြီး ထိုသူ့ကို တိုက်ခိုက်လာသည်။

ကိုယ်ရံတော်တစ်အုပ်ကြီးကလည်း အိမ်ထဲကနေပြေးထွက်လာပြီး ထိုလူအုပ်ကြီးကို တိုက်ခိုက်လာ၏။

"ဖာ့ခ်..ဘာတွေဖြစ်နေတာလဲဟ!"

ယင်ဟန့်ရဲ့ကိုယ်ရံတော်တစ်ယောက် အရိုက်ခံလိုက်ရတာတွေ့ပြီး ရုန်ယိ သွားကူညီပေးလိုက်သည်။

ရုန်ယိရဲ့အကူအညီကြောင့် တစ်ဖက်လူတွေရဲ့ အရှိန်အဝါမှာ အတော်လေးအားလျော့သွားလေသည်။

ဒီလိုမျိုးကြီး အလျှော့မပေးချင်တာကြောင့် တစ်ဖက်လူတွေက မဟာယာနအဆင့်က ကျင့်ကြံသူတွေ ထပ်လွှတ်လာပြန်သည်။

မျက်နှာချင်းဆိုင်က ခေါင်မိုးပေါ်ရပ်ကာ တိုက်ပွဲကိုကြည့်နေတဲ့ တစ်ဖက်အဖွဲ့ရဲ့ခေါင်းဆောင်ကို ရုန်ယိတွေ့လိုက်တဲ့အခါ ထိုလူ့ဆီ တည့်တည့်ပြေးဝင်သွားကာ သူ့ဓားကို လွှဲရမ်းလိုက်တာကြောင့် ထက်ရှလှတဲ့ဓားချီတွေ ပြေးထွက်သွား၏။

ခေါင်းဆောင်ဖြစ်သူမှာ မျက်နှာမည်းမှောင်သွားကာ သူ့ရှေ့၌ အကာအကွယ်စည်းတစ်ခုပေါ်လာပြီး ဓားချီတွေကို တားဆီးလာသည်။

နောက်တစ်ကြိမ် ရုန်ယိ ဓားကွက်တစ်ခုထုတ်လိုက်ပြီး မရေမတွက်နိုင်တဲ့ အဖြူရောင်ဓားချီတွေက ဓားအရှိန်အဝါကနေဖြစ်တည်လာကာ ထိုစည်းကို မကျိုးပျက်မချင်းတိုက်ခိုက်တော့သည်။

စည်းကျိုးပျက်သွားတာနဲ့ ရုန်ယိ နောက်ဓားချက်ထုတ်လိုက်တာကြောင့် သိပ်သည်းပြင်းထန်လွန်းတဲ့ဓားချီတွေက တစ်ဖက်လူဆီ ပြေးဝင်သွားသည်။

တစ်ဖက်ကခေါင်းဆောင်က ပထမတော့ ရုန်ယိကို မျက်လုံးထဲတောင်မထည့်ပေမဲ့ ယခုတော့ ရုန်ယိက အန္တရာယ်ရှိသူတစ်ယောက်လို့ သူစတင်ခံစားလာရသည်။ ဒါကြောင့် သူလက်နက်ကိုထုတ်ကာ အမြန်ခုခံလိုက်ရသည်။ ရုန်ယိမျက်မှာကိုမြင်တဲ့အခါ ထိုသူ့မျက်လုံးထဲ၌ အံ့အားသင့်မှုတွေဖြတ်ပြေးသွား၏။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now