*269* ကျွန်တော်ကခင်ဗျားအာရုံစိုက်မှုလေးလိုချင်ရုံပါ

3.1K 509 10
                                    

ယင်ဟန့်က ငါးနာရီခွဲအတိမှာ မျက်လုံးပွင့်လာပြီးနောက် အိပ်ယာထကာ ရေချိုးခန်းဆီလျှောက်သွားလိုက်သည်။ ဒီနောက်မှာတော့ ခွက်တစ်ခွက်နဲ့ သွားတိုက်ဆေးညှစ်ထားတဲ့ သွားတိုက်တံတစ်ချောင်းကို ဘေစင်ပေါ်မှာတွေ့လိုက်ရသည်။

မျက်ခုံးတွေပင့်သွားကာ သွားတိုက်တံနဲ့ခွက်ကိုယူကာ သွားတိုက်လိုက်သည်။ သူအပြင်ပြန်ထွက်လာတဲ့အချိန်မှာ ဗီရိုပုလေးပေါ်၌ ရေနွေးတစ်ခွက်တွေ့လိုက်ရ၏။

ရေသောက်ပြီးနောက် အဝတ်အစားလဲကာ အခန်းထဲကထွက်တော့မယ်အချိန်၌ ခေါ်သံကြားလိုက်ရသည်။

"အားဟန့်.."

သူမော့ကြည့်လိုက်တဲ့အခါ ရုန်ယိက လျှောက်လမ်းအဆုံးက ပြတင်းပေါက်ရှေ့၌ရပ်ကာ သူ့ကိုပြုံးပြနေတာ တွေ့လိုက်ရလေသည်။ သူ့အပြုံးက အလင်းရောက်အောက်မှာ တောက်ပနေခဲ့၏။

ရုန်ယိ ရှေ့ကိုလျှောက်လာကာ သူ့အဝတ်အစားတွေကို ပြန့်အောင်ဖြန့်ပေးကာ မေးလာသည်။

"ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား"

ယင်ဟန့် မျက်မှောင်ကြုတ်သွားသည်။

"မင်းကို ဘယ်သူဝင်ခိုင်းလိုက်တာလဲ.. ငါ့လူတွေရော ဘယ်မှာလဲ"

"သူတို့လား.. အောက်ထပ်မှာ ခင်ဗျားကို စောင့်နေကြတယ်လေ"

ရုန်ယိ သူ့ကိုဆွဲခေါ်ကာ အောက်ထပ်ဆင်းလာပြီး ခြံဝန်းထဲကခုံမှာထိုင်ချလိုက်သည်။ သူတို့ရှေ့မှာတော့ ဓားဒဏ်ရာတွေနဲ့ကိုယ်ရံတော်များစွာက အတန်းလိုက်ရပ်နေကြလေသည်။

"အားဟန့်... ခင်ဗျားလူတွေက အရမ်းဧည့်ဝတ်ကျေပွန်ကြတာဘဲဗျ.. ကျွန်တော်ဝင်လာတာနဲ့ သူတို့က ကျွန်တော့်ကို လာကြိုတယ်လေ.. ကျွန်တော်လည်း သူတို့အတွက် ဘာလက်ဆောင်မှယူမလာခဲ့မိတာနဲ့ တွေ့ဆုံခြင်းလက်ဆောင်အဖြစ် ဓားဒဏ်ရာလေးနည်းနည်းဆီ သူတို့ကို လက်ဆောင်ပေးလိုက်ရတယ်"

ယင်ဟန့် သူ့ကိုယ်ရံတော်တွေကို အေးစက်စွာစိုက်ကြည့်လိုက်သည်။

ကိုယ်ရံတော်တစ်ယောက်က ခပ်တိုးတိုးဆိုလာ၏။

"သခင်ကြီး.. သူက မူလပထမအဆင့်ကဓားကျင့်ကြံသူပါ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now