*283* နောက်ဆုံးခေါင်းတလား

3.1K 554 59
                                    

live လွှင့်တာ မိနစ်ဝက်လေးဘဲရှိသေးတာကို ကြည့်ရှုသူအများအပြားက သူ့ကို လက်ဆောင်မျိုးစုံပို့လာတော့သည်။

ကြည့်ရှုသူတွေမှာ စိတ်လှုပ်ရှားနေကြ၏။
"ဝိုး.. ဒီလောက်ဖုတ်ကောင်တွေအများကြီးကို ဒါပထမဆုံးမြင်ဖူးတာဘဲ"

"ငါရောဘဲ.. ဟေ့ မင်းဘယ်ရောက်နေတာလဲ.. ဘာလို့ အဲ့မှာ ဖုတ်ကောင်တွေအများကြီးရှိနေရတာလဲ"

"ငါကြားတာတော့ ဒီရက်ပိုင်း မိစ္ဆာတောအုပ်ထဲမှာ အလောင်းအငွေ့အသက်တွေနဲ့ လျှို့ဝှက်နယ်မြေကြီးတစ်ခု ပေါ်လာတယ်တဲ့.. ငါ့အထင် သူအဲ့နေရာကနေ live လွှင့်နေတာဖြစ်မယ်.. ငါလည်း အစကသွားချင်တာ ဒါပေမဲ့ ငါ့ကျင့်ကြံဆင့်က လုံလောက်အောင်မြင့်မနေတော့ မိသားစုအကြီးအကဲတွေက သွားခွင့်မပြုဘူးတဲ့လေ..ဒါပေမဲ့ တစ်ယောက်ယောက်က အထဲကအခြေအနေတွေကို live လွှင့်ပြမယ်ထင်မထားခဲ့မိဘူး.. ငါ့နောင်တလေးတွေကို ဖြေသိမ့်နိုင်သွားတာပေါ့"

"ဒီလောက်အဆင့်မြင့်ဖုတ်ကောင်တွေအများကြီးကို သူတို့ကိုင်တွယ်နိုင်ရဲ့လား"

"ဖုတ်ကောင်တွေအပြင် ဗီဒီယိုညာဖက်အောက်ထောင့်လေးက လေထဲလွင့်နေတဲ့ အဖြူရောင်အဝတ်စလေးကိုရော သတိထားမိကြလားဟေ့.. သူ့ချည်သားရဲ့ပုံစံကိုကြည့်ရသလောက်တော့ သင်္ကန်းပုံစံဘဲ"

တစ်ယောက်ယောက်က မှတ်မိသွားကာ ပြောလိုက်လေသည်။
"ဟုတ်တယ်... အဲ့တာသင်္ကန်းဘဲ.. တကော်ဘုံကျောင်းကဘုန်းကြီးတွေဘဲ သင်္ကန်းအဖြူရောင်ဝတ်ကြတာ.. ဝိုး.. live လွှင့်နေတာ ဘုန်းကြီးလားဟ"

"အသံကိုနားထောင်ကြည့်ရသလောက်တော့ မဟုတ်ဘူးဘဲ.. ဒါပေမဲ့ သူနဲ့အတူရှိနေတဲ့တစ်ယောက်ယောက် ဖြစ်ရမယ်"

ကြည့်ရှုသူတွေသဘောကျတာ တွေ့တဲ့အခါ ရုန်ချီမှာ ဖုန်းကိုသူ့ရင်ဘက်ပေါ်မှာ တိုက်ရိုက်ချိတ်ဆွဲထားလိုက်တော့သည်။

ရုန်ယိတို့က သူတို့ဘက်ပျံသန်းလာလျက် အော်ပြောလာသည်။
"မြန်မြန်သွား!"

နောက်ဘက်မှဖုတ်ကောင်အုပ်ကြီးက သူတို့ဘက်ကို ဟိန်းဟောက်လာလေသည်။

သူတို့နောက်ဘက်မှ ဖုတ်ကောင်တွေကိုကြည့်ကာ ရုန်ယိ ယင်ကျင်းရဲ့ကိုမေးလိုက်၏။
"ခင်ဗျား ကျန်းမုကိုရှာတွေ့ပြီလား"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now