*290* ရုန်ယိမိဘတွေနောက်ဆုံးတော့ပြန်လာပြီ

3.3K 458 6
                                    

လိုဂတ်စ် ပြန်ဖြေလိုက်၏။
"ဟုတ်တယ်..ငါနဲ့ပါဆီရိုတို့အတူ အနောက်ဘက်မဟာမိတ်အဖွဲ့အစည်းကိုထူထောင်ခဲ့တာ.. လုပ်ကြံသတ်ဖြတ်ရေးဂိုဏ်းက လိုက်သတ်နေတဲ့လူတွေကို ငါတို့ကခဏခဏကာကွယ်ပေးခဲ့ပြီး သူတို့ရဲ့တာဝန်ကိုကျရှုံးအောင်လုပ်ခဲ့တော့ သူတို့ခေါင်းဆောင်က ငါတို့ကိုတော်တော်ဒေါသထွက်နေတာလေ.. ဒါကြောင့် ငါတို့ကိုသတ်ဖို့တောင် လုပ်ကြံရေးသမားတွေလွှတ်ခဲ့သေးတယ်"

"သူတို့ခေါင်းဆောင်က မင်းတို့ဘယ်သူဆိုတာရောသိလား"
ရုန်ယိမေးလိုက်သည်။

"ငါတော့မထင်ဘူး.. ငါတို့က တစ်ခြားသူရှေ့မှာ မျက်နှာအစစ်ကိုပြခဲတယ်.. ဒါပေမဲ့ တစ်ဖက်လူကဘယ်သူဆိုတာတော့ ငါတို့အစကတည်းကသိထားတယ်.. ပြောရရင် အရင်တုန်းကဆို ငါတို့ဆီမှာက ကျင့်ကြံသူဆိုတာ မရှိဘူးလေ..ဒါကြောင့် သူတို့ရဲ့စွမ်းအားကိုထုတ်သုံးတာနဲ့ သူတို့ဘယ်သူဆိုတာပေါ်သွားတာပေါ့.. ကံကောင်းလို့ ငါတို့က သူတို့ထက် နှစ်နှစ်ရာစောပြီးပြန်ရောက်သွားခဲ့တယ်လေ.. ဒီတော့ ငါတို့စွမ်းအားကလည်းတော်တော်လေးတိုးတက်လာပြီးနေပြီ.. မဟုတ်ရင်တော့ ငါတို့လည်း သူတို့ပြိုင်ဘက်မဖြစ်နိုင်ဘူး"

လိုဂတ်စ်က မျက်လုံးတွေမှေးစင်းရင်းပြောလေသည်။
"အခု တစ်ခုတည်းသောပြဿနာက သူတို့က မိစ္ဆာနဂါးတွေနဲ့ပူးပေါင်းလိုက်တာဘဲ"

"ဘယ်လိုမျိုးလဲ"

"မိစ္ဆာနဂါးတွေလိုတဲ့အရာကိုပေးပြီး မိစ္ဆာနဂါးတွေကိုကျတော့ သူတို့ကိုကာကွယ်ပေးခိုင်းတာ.. အခု အနောက်ပိုင်းတိုက်ကြီးတစ်ခုလုံးမှာ သူတို့ဘဲ မိစ္ဆာနဂါးတွေနဲ့ပူးပေါင်းရဲတယ်"

ပါဆီရိုက နှာခေါင်းရှုံ့လာ၏။
"သူတို့မိစ္ဆာနဂါးတွေနဲ့ပူးပေါင်းရဲရတဲ့အကြောင်းပြချက်က သူတို့က အနောက်ပိုင်းတိုက်ရဲ့နတ်ဘုရားတွေချမှတ်ထားတဲ့ စည်းမျဥ်းတွေကိုရှောင်ရှားနိုင်လို့ဘဲ.. အနောက်ပိုင်းတိုက်ကဘယ်သူမှ သူတို့ကိုမသတ်နိုင်ဘူး"

ရုန်ယိအံ့အားတကြီးရေရွတ်လိုက်သည်။
"ဘယ်သူမှလား!"

ခေါင်းငြိမ့်ကာ ပါဆီရိုကပြောလာသည်။
"ဟုတ်တယ်... လူတစ်ယောက်က မိစ္ဆာနဂါးတွေဆီကနေ ဒီစကားရအောင် ရွှေအများအပြားသုံးခဲ့ရတာ.. ယင်ဟော့ယောင်တို့တွေ ကျွန်တော်တို့ရဲ့ကမ္ဘာကိုရောက်လာတဲ့အချိန်မှာ မိစ္ဆာနဂါးနယ်မြေကိုကျသွားပြီး သူတို့နဲ့အကြီးအကျယ်တိုက်ခိုက်ခဲ့ကြတယ်.. ယင်ဟော့ယောင်ရဲ့လူတစ်ယောက်က မိစ္ဆာနဂါးသတ်တာခံလိုက်ရပေမဲ့ ဆယ်စက္ကန့်လောက်လည်းကြာရော အဲ့လူက မယုံနိုင်စရာကောင်းလောက်အောင် အသက်ပြန်ရှင်လာခဲ့တယ်တဲ့.. ဒါကြောင့်လည်း  သူတို့ရဲ့စွမ်းအားကို အနောက်ပိုင်းတိုက်ကြီးမှာနေပြီး တိုးတက်လာအောင်လုပ်ကြတာ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now