Extra *2*

2.3K 390 7
                                    

လေထိုးလှေပေါ်ထိုင်နေကြတဲ့ကလေးတွေမှာ ကြောက်တယ်ဆိုတာ ဘာမှန်းတောင်မသိကြ။

ရုန်ရှင့် ၊ ရုန်လွမ် ၊ ရုန်ယွီနဲ့ ရုန်ကျစ်တို့က ပျော်မြူးစွာနဲ့ သူတို့ရဲ့ကစားစရာမှော်လက်နက်တွေထုတ်ကာ ရေနက်မိစ္ဆာကြီးကိုပစ်ခတ်ကြသည်။

ရုန်ရှင်းကလည်း သူမရဲ့ကင်မရာသေးသေးလေးထုတ်ကာ ဓာတ်ပုံရိုက်ယူနေ၏။

ယင်မင်နဲ့ယင်စန်စန်တို့ကတော့ စိတ်မပါလက်မပါ မျက်နှာသေလေးတွေနဲ့ ရေနက်မိစ္ဆာကိုကြည့်နေကြသည်။

ချီကျင်းလေးကတော့ ဒါဘာကြီးမှန်းတောင်သိမနေတာကြောင့် မျက်နှာထက် ဘာအမူအယာမှရှိမနေပေ။

ယင်ထောင်ကတော့ စိတ်အလှုပ်ရှားဆုံးဖြစ်ကာ ခြေလေးလက်လေးတွေကို အဆက်မပြတ်လှုပ်ရမ်းရင်း သူကိုယ်တိုင်တိုက်ခိုက်ချင်နေလေ၏။

ကျန်းမုက လှေရဲ့ပဲ့ထိပ်မှာရပ်နေကာ သူ့ရဲ့အနက်ရောက်လက်သည်းရှည်တွေကို ရေနက်မိစ္ဆာဆီလွှဲယမ်းလိုက်သည်။

ယောင်အာက ကျန်းမုဘေးပျံသန်းလာကာ ပြောသည်။

"မုကော.. ကျွန်တော် လုပ်မယ်... အနောက်ပိုင်းတိုက်ကမိစ္ဆာတွေက အရှေ့ပိုင်းနယ်မြေကမိစ္ဆာတွေလောက် စွမ်းအားကြီးမကြီးကြည့်ကြည့်ချင်လို့"

​ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းက အနောက်ပိုင်းတိုက်နဲ့ယှဥ်ပြိုင်ကြတုန်းက သူတို့မှာအနိုင်ရသူမရှိခဲ့ကြ။

ကျန်းမုက နောက်ပြန်ဆုတ်သွားသည်။

ယောက်အာက ရေနက်မိစ္ဆာဆီ ရန်စဟန် လက်ညှိုးလေးကွေးခေါ်ကာ ပြောလိုက်သည်။

"လာလေ!"

ရေနက်မိစ္ဆာမှာ သူ့မျက်လုံးလောက်တောင်မကြီးတဲ့ ကလေးလေးဆီက ရန်စခံလိုက်ရတာကြောင့် ဒေါသတွေပေါက်ကွဲတော့သည်။ သူ့ရဲ့ကြီးမားလွန်းတဲ့ခန္ဓာကိုယ်ကြီးက ရေပေါ်ပေါ်လာကာ သူအိပ်ပျော်နေတာကိုလာနှောင့်ယှက်တဲ့ကလေးတစ်သိုက်ကို သူ့ခန္ဓာကိုယ်ဘယ်လောက်ကြီးကြောင်း တွေ့စေလိုက်သည်။ သူ့လက်တစ်ဖက်နဲ့တင် သူတို့ကိုခြေမွပစ်လိုက်လို့ရသည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now