*297* မိစ္ဆာနဂါးတွေကိုတိုက်ခိုက်ခြင်း

2.4K 426 12
                                    

ယင်ဟော့ယောင်နဲ့ကျန်သူတွေက ယင်ကျင်းရဲ့ကို မရှောင်ဘဲ ဂါထာမန္တန်တွေကိုသာဆက်ရွတ်နေကြသည်။

ယင်ကျင်းရဲ့ သူတို့ကိုတိုက်ခိုက်လိုက်တဲ့အချိန် သန်မာလှတဲ့စည်းရဲ့ ပြန်တွန်းကန်တာကိုခံလိုက်ရ၏။

ကျန်တဲ့မိစ္ဆာနဂါးတွေကလည်း စတင်တိုက်ခိုက်လာကြပြီး ခေါင်းဆောင်တဲ့နဂါးကအော်ပြောလာသည်။
"အားလုံး.. အားကျဲ့တို့ကိုကာကွယ်ပေးကြ!"

"ဟုတ်ကဲ့!"
မိစ္ဆာနဂါးတွေက ယင်ကျင်းရဲ့ကိုရပ်တန့်ဖို့ သူတို့ကိုယ်စွမ်းရှိသမျှ အတတ်နိုင်ဆုံးကြိုးစားကြတော့သည်။

ဘယ်လိုဘဲပြောပြော မိစ္ဆာနဂါးတွေက အနောက်ပိုင်းတိုက်ကဖြစ်နေတာကြောင့် ယင်ကျင်းရဲ့တို့အနေနဲ့ သူတို့ကိုသတ်ပစ်ဖို့မသင့်တော်ပေ။ ဒါကြောင့် သူရယ် ကျန်းမုနဲ့တစ်ခြားသူတွေရယ်က သူတို့ရဲ့ဝိညာဥ်ဖိအားတွေကို အတူတကွထုတ်လွှတ်လိုက်ကြ၏။ နောက်ဆုံးမှာ ထိုကဲ့သို့သော ကြောက်ဖို့ကောင်းပြီး သန်မာလွန်းလှတဲ့ဖိအားကို မတောင့်ခံနိုင်ကြတော့ဘဲ ထိုမိစ္ဆာနဂါးတွေအကုန်လုံး အညံ့ခံဒူးထောက်ကျသွားတော့လေသည်။

ထို့​နောက် ရုန်ယိ ၊ ချီလန် ၊ ပိုင်ရှင်းဖေးနဲ့ ကျန်တဲ့သူတွေက ယင်ဟော့ယောင်တို့တွေဆီကိုပျံသန်းသွားလိုက်သည်။

ယင်ဟော့ယောင်က ကောက်ကျစ်စွာပြုံးပြီး ရွတ်ဆိုနေတာကို ရပ်လိုက်သည်။ တစ်ခြားသုံးယောက်လည်းဘဲ ရပ်လိုက်ကြ၏။ ထို့နောက်မှာတော့ ဂူကြီးက ငလျှင်လှုပ်သလိုမျိုးတုန်ဟည်းလာကာ ကျောက်စကျောက်နတွေလည်း ခေါင်းထက်ပြုတ်ကျလာတော့သည်။

ယင်ကျင်းရဲ့ ရုန်ယိတို့တွေကိုလှမ်းပြောလိုက်သည်။
"မိစ္ဆာနဂါးတွေရဲ့ခေါင်းဆောင်နိုးလာတော့မယ်.. မင်းတို့တွေ ဒီကနေအမြန်ထွက်သွားကြတော့.. ကျန်းမုနဲ့ကိုယ် ဒီမှာနေခဲ့ပြီး သူတို့ကိုတိုက်လိုက်မယ်"

ရုန်ယိ မထွက်သွားချင်ပေမဲ့ သူ့ဗိုက်ထဲက ကလေးတွေကိုတွေးမိတဲ့အခါ ချီလန်တို့နဲ့အတူ မူလလမ်းကြောင်းဘက်ပြန်လှည့်ကာ ပျံထွက်သွားလိုက်သည်။

မိစ္ဆာနဂါးခေါင်းဆောင် အပြည့်အဝနိုးမလာသေးတာကို အခွင့်ကောင်းယူကာ ကျန်းမုနဲ့ယောင်အာတို့က ယင်ဟော့ယောင်ချထားတဲ့စည်းကို အတူတိုက်ခိုက်ကြတော့သည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now