Extra 5

2.2K 359 2
                                    

ယင်မင် ရုန်ချီထံကနေ အဆင့်အတန်းမြင့်မြင့် ခပ်သင်းသင်းရေမွှေးနံ့လေးရလိုက်သည်။ သူမနေနိုင်စွာ ရုန်ချီလက်ကောက်ဝတ်ကိုကိုင်လိုက်ပြီး သူ့ကိုယ်ပေါ်အနံ့လေးခံရင်း မေးလိုက်သည်။
"ဘာပြောချင်လို့လဲ"

"အားမင်...ငါ...."
ရုန်ချီ မော့ကြည့်လိုက်ပြီး သူ့ရဲ့နှုတ်ခမ်းလှလှလေးမြင်တွေ့လိုက်တဲ့အခါ မူးနေတဲ့အမူအယာထက် စွဲလမ်းမှုလေးတစ်စွန်းတစ်စပေါ်လာ၏။
"အားမင်... မင်းနှုတ်ခမ်းက အရမ်းလှတာဘဲ... နမ်းလို့ရလားဟင်... တစ်ချက်.. တစ်ချက်လောက်လေးဘဲနမ်းမယ်လေ"

ယင်မင် သူ့ရဲ့ချစ်စရာကောင်းစွာမူးနေပုံလေးကိုငုံ့ကြည့်ကာ နှုတ်ခမ်းစွန်းတွေကွေးတက်သွားသည်။

ဒီအပြုံးလေးက ရုန်ချီကို လာမြည်းပါလို့ဖိတ်ခေါ်နေဟန်ပေါ်နေကာ သူမနေနိုင်တော့ဘဲ ခြေဖျားလေးထောက်ကာ ယင်မင်နှုတ်ခမ်းဆီတိုးသွားလိုက်သည်။ သူ့ရဲ့နှုတ်ခမ်းလှလှလေးနဲ့ ငါးမီလီမီတာလောက်ဘဲ ကွာတော့တဲ့အချိန် သူ့နှလုံးသားထဲ ဆယ့်ရှစ်နှစ်ကြာအောင်ပိတ်သိမ်းထားခဲ့ရတဲ့ ကြောက်ရွံ့မှုတွေက ရုတ်တရက် ပွင့်အံကျလာတာကြောင့် ကမန်းကတန်းနောက်ပြန်ဆုတ်ပြီး ပြောလိုက်သည်။
"မဖြစ်ဘူး...မဖြစ်ဘူး.. ငါမင်းကိုနမ်းလို့မရဘူး"

ယင်မင် သူ့ကိုထွက်ပြေးခွင့်မပေးဘဲ သူ့လက်ကောက်ဝတ်ကိုခပ်တင်းတင်းဖမ်းဆုပ်ထားလိုက်၏။
"ဘာလို့ ကျွန်တော့်ကို နမ်းလို့မရတာလဲ"

"မရဘူး...ငါတို့နမ်းလို့မရဘူး... ငါတို့မရဘူး... ဘာလို့လဲဆိုတော့... ဘာလို့လဲဆိုတော့ မင်းက လေးစားခံရတဲ့ဘုန်းကြီးမလို့လေ"

"လေးစားခံရတဲ့ဘုန်းကြီး!"
ယင်မင်မှာ ကြောင်အသွား၏။ နှစ်ခြောက်ထောင်မက်မန်းပွင့်သေရည်လေး တစ်ငုံလောက်သောက်လိုက်တာကို ဒီလောက်ထိမူးသွားရပြီး သူ့ကိုပါ ဘုန်းကြီးလို့ထင်နေပြီလား။

"အင်း... မင်း... မင်းက ဘုန်းကြီးလေ...ငါမင်းကိုနမ်းလို့မဖြစ်ဘူးရယ်.. မင်းရဲ့ကျင့်ဝတ်တွေကို ဖောက်ဖျက်မိသွားလိမ့်မယ်"

"..."
ယင်မင်က သူ့ရဲ့အမူးသမားစကားတွေကို အတည်မယူ။
"စောစောက ခင်ဗျား ကျွန်တော့်ကိုဘာပြောချင်လို့လဲ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now