*268* ကောင်းသောညပါ

3.3K 519 39
                                    

ယင်ဟန့် နှစ်တစ်ထောင်ကျော်အသက်ရှင်လာခဲ့ပေမယ့် ဖယောင်းတိုင်မီးရောင်နဲ့ ရိုမန့်တစ်ညစာကတော့ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး တစ်ယောက်ယောက်နဲ့အတူစားတာကလဲ ပထမဆုံးပင်။ ပြီးတော့ တစ်ဖက်လူကလည်း သိတာတစ်ရက်သာရှိသေးသူဖြစ်လေသည်။

စားပွဲထက်က ဖယောင်းတိုင်တွေကိုကြည့်ရင်း သူ့ကိုယ်သူရူးသွားတာဖြစ်မယ်လို့ ခံစားလိုက်ရသည်။ မဟုတ်ပါက သူနဲ့ညစာအတူစားဖို့ကို ဘယ်လိုလုပ်သဘောတူခဲ့ပါ့မလဲ။ သူ့ကိုပိုပြီးရူးချင်လာအောင်လုပ်နေတာက တစ်ဖက်လူက ငယ်ရွယ်တဲ့ရုပ်ရည်အဖြစ်ပြန်ပြောင်းပြီးတာတောင်မှဘဲ သူ့ကိုဆက်တိုက် **လောင်ပန့် ဟိုဟာ.. လောင်ပန့် ဒီဟာနဲ့ ခေါ်နေတာဖြစ်လေသည်။ စားသောက်ဆိုင်ထဲက စားပွဲထိုးမလေးတွေက သူတို့ကို ထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်နေကြကာ ရုန်ယိကို သူကစားဖို့ခေါ်ထားတဲ့အရုပ်လေးလို့တောင် တွေးနေကြလောက်ပေသည်။

[*#လောင်ပန့် 老伴 ဆိုတာ လက်ထပ်ထားတဲ့လင်မယားတွေ အချင်းချင်း ခေါ်ကြတာပါ မိန်းမ ယောက်ျားဆိုတဲ့ အဓိပ္ပါယ်ပါဘဲ]

ဘယ်လိုဘဲဖြစ်ဖြစ် ရုန်ယိကတော့ တစ်ခြားသူတွေ ဘာတွေတွေးနေကြမှန်းကို လုံးလုံးဂရုမစိုက်ပါပေ။
"ကျွန်တော့်လောင်ပန့်က အသားမစားနိုင်ဘူး.. ဒီဆိုင်မှာရှိတဲ့ အသီးအရွက်ဟင်းပွဲတွေအကုန်ယူလာခဲ့ပါ.. ပြီးတော့ သူ့အစာအိမ်က သိပ်မကောင်းတာမလို့ ဆီတွေ ဆားတွေအများကြီးမထည့်ဘဲ ပေါ့ပေါ့လေးလုပ်ပေးပါ.. အင်း..  လောင်ပန့်.. ခင်ဗျားမကြိုက်တဲ့စားစရာရှိသေးလား"

စားပွဲထိုးလေးက အခေါင်းထဲခြေတစ်ဖက်လှမ်းနေပြီဖြစ်တဲ့ ယင်ဟန့်ကို တိတ်တဆိတ်လှည့်ကြည့်လာသည်။ ယခုတော့ ရုန်ယိ သူနဲ့ရှိနေတာက ပိုက်ဆံကြောင့်ဆိုတာ သူပိုသေချာသွား၏။

ဒီအဘိုးကြီးက တစ်ကယ်ယုတ်မာတာဘဲ.. ဒီအရွယ်ကြီးနဲ့တောင် ကစားစရာကောင်လေးမွေးထားသေးတယ်.. သူ့ဟာက ထောင်ရောထောင်လာနိုင်သေးရဲ့လား..

ယင်ဟန့် ထိုစားပွဲထိုးလေးကို အေးစက်စက်တစ်ချက်ကြည့်လိုက်သည်။

ထိုစားပွဲထိုးက အမြန်ခေါင်းငုံ့လိုက်ကာ သူတို့အတွက် ဟင်းပွဲတွေမှာနေဟန်ဆောင်လိုက်သည်။
"လူကြီးမင်းနှစ်ယောက်.. ဘာများလိုအပ်တာရှိပါသေးလဲဗျ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now