Extra 4

2.3K 365 7
                                    

ကျင်းတုတက္ကသိုလ်သည် သာမန်လူတွေအတွက် တက္ကသိုလ်တစ်ခုဖြစ်ကာ အရှေ့ပိုင်းနယ်မြေမှာ အကောင်းဆုံး ဂုဏ်သတင်းအကြီးဆုံး သင်ကြားရေးနေရာတစ်ခုလည်းဖြစ်၏။ သင်ကြားရေးပတ်ဝန်းကျင်ပင်ဖြစ်စေ သင်ကြားတဲ့ဆရာတွေဘဲဖြစ်စေ.. အကောင်းဆုံးဖြစ်ကာ လူတိုင်းဝင်နိုင်ဖို့အိပ်မက်မက်နေကြတဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည်။ သို့သော်ငြားလည်း ထူးချွန်တဲ့ရမှတ်တွေရှိတဲ့ကျောင်းသားတွေသာ တက်ရောက်နိုင်လေသည်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီကျောင်းကကျောင်းသားတွေဟာ ထူးချွန်လွန်းသူတွေဖြစ်ပြီး ထိပ်တန်းထဲမှထိပ်တန်းတွေသာဖြစ်ကြောင်း သိနိုင်၏။

တက္ကသိုလ်မတက်လိုက်ဖူးတဲ့ရုန်ယိမှာတော့ သူ့ကလေးတွေအကုန် ဒီတက္ကသိုလ်ကို သူတို့စွမ်းရည်နဲ့သူတို့ဝင်နိုင်ခဲ့တဲ့အတွက် အတော်လေးဂုဏ်ယူနေမိသည်။  သူတို့ကား တက္ကသိုလ်ထဲမောင်းဝင်သွားတာနဲ့ သူ့နှုတ်ခမ်းစွန်းတွေ ထိန်းမနိုင်သိမ်းမရကွေးတက်သွားတော့သည်။ ဝင်ပေါက်ရှေ့ရောက်တဲ့အခါ သူ့မျက်နှာထက်ကအပြုံးမှာ ကောင်းကင်ထက်ကနေမင်းကြီးထက်တောင် တောက်ပနေတော့၏။
"ဒါ တစ်ကယ့်ကိုနေရာကောင်းဘဲ"

ပျော်ရွှင်နေတဲ့သူ့ကိုကြည့်ရင်း ယင်ကျင်းရဲ့လည်း နှုတ်ခမ်းတွေကွေးတက်သွားသည်။ သူကားတံခါးဖွင့်ကာ အပြင်ထွက်လိုက်တာနဲ့ ချက်ချင်းဘဲ လူတိုင်းရဲ့အာရုံစိုက်မှုတွေကိုဆွဲဆောင်ယူသွားတော့သည်။ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် သူ့ဆီက မျက်လုံးမခွာနိုင်ကြတော့။

"အိုး... ဘုရားရေ...အဲ့တစ်ယောက်အရမ်းချောတာဘဲ.. မော်ဒယ်လားမသိဘူးနော်"
လူတိုင်းက သူဘယ်သူဆိုတဲ့အကြောင်းပြောနေကြကာ ဖုန်းနဲ့ဓာတ်ပုံရိုက်ယူနေကြသည်။

ထို့နောက် ယင်ထောင် ၊ ယင်စန်စန်နဲ့ ကျန်သူတွေထွက်လာကြ၏။ အနားတစ်ဝိုက်က ကျောင်းသားတွေမှာ မော်ဒယ်တွေထက်တောင်ချောမောကြတဲ့ ယောက်ျားတွေ ကောင်လေးတွေအုပ်စုလိုက်တွေ့လိုက်ရတာကြောင့် မအော်ဘဲမနေနိုင်ကြတော့။

"သူတို့အထုတ်တွေသယ်ထားတာဘဲ...လူသစ်လေးတွေဘဲနေမှာ...ဝါး.. ငါတို့တွေကံအရမ်းကောင်းတာဘဲဟယ်... လူချောလေးတွေ နေ့တိုင်းမြင်နေရတော့မှာ.. နောက်လေးနှစ်အတွက် ကျောင်းမင်းသားလေးတွေက သူတို့ဖြစ်နေတော့မှာ သေချာပေါက်ဘဲ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now