*292* ခင်ဗျား...လူယုတ်မာ

3.3K 549 12
                                    

ရုန်ချီ မေးလိုက်သည်။

"မဟုတ်ဘူးဆိုရင်.. ဘာလို့ ဒီလာပြီး ငါတို့ကိုစောင့်ကြည့်နေသေးလဲ"

ယင်ယန် - "မင်းတို့မထိခိုက်စေဖို့လေ"

"ဒါဆို ငါတို့အခုအပြင်ထွက်မယ်ဆိုရင်ရော တားမှာလား"

ယင်ယန်ခေါင်းခါပြလာသည်။

"ရှောင်ယိ သွားကြစို့"

စိတ်လှုပ်ရှားစွာနဲ့ ရုန်ချီတစ်ယောက် ရုန်ယိလက်ကိုဆွဲခေါ်ကာ ပြေးထွက်ဖို့လုပ်လိုက်သည်။

ယင်ယန်မှာ မျက်မှောင်တွေကြုတ်သွားကာ သတိပေးလိုက်ရ၏။

"သခင်လေးရုန်က ကိုယ်ဝန်ကြီးနဲ့လေ.. ပြေးလွှားလို့မရဘူး"

"ကလေးတွေ ဘာဖြစ်သွားသေးလဲ"

ပြောရင်း ရုန်ချီ သူ့အရှိန်ကိုနှေးချလိုက်ကာ ရုန်ာိဗိုက်ကို ဂရုစိုက်ပေးလာသည်။

"..."

သူတို့ဂိတ်တံခါးဝရောက်တဲ့အချိန် ရုန်ယိ သိုလှောင်လက်စွပ်ထဲမှ သူ့ရဲ့အနက်ရောင်ပြိုင်ကားလေးထုတ်လိုက်သည်။

ယင်ယန် - "သခင်လေး ကျွန်တော့်ကားရှိတယ်"

ရုန်ချီ - "ရှောင်ယိကားမှာ အရှိန်မြင့်အင်းကွက်တွေရှိတယ်... မြန်လည်းမြန်ငြိမ်လည်းငြိမ်တယ်.. ငါတို့တွေ ငါးနာရီ ခြောက်နာရီအတွင်း တုရှန်းမြို့ကိုရောက်နိုင်တယ်"

အနက်ရောင်ပြိုင်ကားထက်က ရွှေအိုရောင်တလက်လက်ထနေတဲ့ အင်းကွက်ကိုကြည့်ကာ ယင်ယန်မှာမျက်ခုံးပင့်သွားပြီး ပြောလာသည်။

"ဒါဆိုလည်း သခင်လေးရုန်ရဲ့ကားနဲ့ဘဲသွားတာပေါ့.. ဒါပေမဲ့ သခင်လေးဗိုက်နဲ့က ကားမောင်းဖို့အဆင်ပြေမှာမဟုတ်ဘူး.. ကျွန်တော်မောင်းပေးပါ့မယ်"

"ရတယ်လေ"

နှုတ်ခမ်းထက် အဓိပ္ပါယ်ရှိရှိအပြုံးလေးနဲ့ ရုန်ယိတစ်ယောက် ရုန်ချီနဲ့ နောက်ခန်းမှာဝင်ထိုင်လိုက်၏။

ယင်ယန်ကားစက်စနှိုးကာ ကားကိုလေထဲပျံတက်သွားစေလိုက်သည်။

"ငါ ဆရာတော့်ကို နာရီအနည်းငယ်အတွင်းတွေ့ရတော့မယ်"

ရုန်ချီ စိတ်လှုပ်တရှားနဲ့ဖုန်းထုတ်ကာ ဆရာတော့်ပုံတွေပြည့်နေတဲ့ ဓာတ်ပုံအယ်လ်ဘမ်ကိုဖွင့်လိုက်သည်။ ဖုန်းကို အကြိမ်ပေါင်းများစွာ နမ်းပြီး ပြောလာလေသည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now