part 104

431 22 0
                                    


အခန်း(၁၀၄)- အိမ်

စူးမြောင်အာ ရုံချီကို ကြည့်ပြီး နူးညံ့စွာ ပြုံးပြလိုက်သည်။

"ကျွန်မတို့ချင်း သိလာတာ ဘယ်လောက်ကြာနေပြီလဲ..ကျွန်မ ရှင့်ကို ဘယ်တုန်းကမှ ထိခိုက်အောင် မလုပ်ဖူးဘူး..ပြီးတော့ ရှင့်စကားကိုဆို အမြဲတမ်း နားထောင်တယ်..ရှင့်ကို မယုံတဲ့ အချိန်ဆိုတာ တစ်ခါမှတောင် မရှိခဲ့ဖူးဘူးလေ...အဲ့တာကို ဘာဖြစ်လို့ ကျွန်မ ရှင့်ကို ထားသွားတော့မယ်လို့ တွေးနေရတာလဲ..ရှင် အတွေးလွန်နေတာပါ ရုံချီ"

စူးမြောင်အာ ရုံချီကို အရိုးရှင်းဆုံးနည်းလမ်းဖြင့် နှစ်သိမ့်ပြီး အိပ်ရာဝင်ရန် လှည့်ထွက်လာခဲ့သည်။ ရုံချီက သူမ၏ စကားကို နားလည်သွားပုံရပြီး အနောက်မှ ခပ်မြန်မြန် ပြေးလိုက်လာသည်။

"မြောင်မြောင် ကိုယ် မင်းကို ယုံတယ်..ကိုယ်တို့နှစ်ယောက် စတွေ့တဲ့နေ့ထဲက ကိုယ် မင်းနဲ့ပတ်သတ်သမျှ အကုန်လုံး သိပြီးသားပါ..ဒါပေမဲ့ မင်းကတော့ ကိုယ့်အကြောင်းကို ဘာမှမသိခဲ့ရဘူးမဟုတ်လား..အခုချိန်ကစပြီး ကိုယ်နဲ့ပတ်သတ်သမျှ မင်းဘာပဲသိချင်သိချင် ကိုယ်အကုန်ပြောပြမယ်နော်"

ရုံချီက သူ၏ ခံစားချက်ကို ရိုးသားပွင့်လင်းစွာ ပြောသည်။

စူးမြောင်အာ ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။ ရုံချီနှင့် ယခုလို နားလည်မှုယူလိုက်ခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရုံချီက သူမအကြောင်းကို ကောင်းစွာ သိနားလည်ထားသော်လည်း သူမကမူ ရုံချီဟာ လွန်ခဲ့သော အနှစ်နှစ်ရာခန့်မှ နှစ်ချို့တစ္ဆေတစ်ကောင်ဖြစ်သည်ဟူသော အမှန်တရားတစ်ခုမှလွဲလျှင် ရုံချီအကြောင်းကို ဘာတစ်ခုမှ မသိပေ။

ရုံချီသည် လွန်ခဲ့သည့် အနှစ်တစ်ရာခန့်က ဤကမ္ဘာပေါ်သို့ ပြန်ရောက်လာခဲ့သည်။ ၎င်းမတိုင်မီက ဘဝတစ်လျှောက်လုံး ဖုန်းရွှေဆရာတစ်ယောက်အဖြစ် ဖြတ်သန်းခဲ့ပြီး ဤတစ်ကြိမ် ပြန်နိုးလာချိန်တွင် ပုတီးစေ့များကို ရှာဖွေနေသူတစ်ယောက်ဖြစ်သည်။

"ဒါပေမဲ့ မြောင်မြောင် အရင်တုန်းကနဲ့ မတူတော့ဘူး..."

ရုံချီက တစ်ကိုယ်တည်း တိုးညှင်းစွာ ရေရွတ်၏။

တစ္ဆေသတို့သားDonde viven las historias. Descúbrelo ahora