အခန်း(၁၀၆)- ခွဲခွာခြင်း
"မြောင်မြောင်တွေ့လား တစ်စေ့ထဲမဟုတ်ဘူး..ခြောက်စေ့တောင်ရလာတာ"
ရုံချီက သူ၏ အောင်မြင်မှုကို စူးမြောင်အာနှင့်အတူ ဝေမျှပြီး ပျော်ရွှင်စွာ ပြောသည်။
"နောက်ဆုံးတော့ ရှင် လိုချင်နေတဲ့ ပစ္စည်းကို ရလာပြီပေါ့ ဂုဏ်ယူပါတယ်နော်..ဒါနဲ့ ရှင် ဒီနေ့ည ကျော့မိသားစုရဲ့ စံအိမ်ကို သွားရအုံးမှာမို့လား..ကျွန်မ အကူအညီကို လိုသေးလား"
"ဖုန်းရွှေစည်းတံဆိပ်နဲ့ ပတ်သတ်တဲ့ အလုပ်ဆိုတော့ မင်း ကူညီစရာမလိုပါဘူး..ဒါပေမဲ့ မင်း လိုက်ချင်တယ်ဆိုရင် ကိုယ်နဲ့ အတူလိုက်ခဲ့လို့ရတယ်နော်..နည်းနည်းတော့ ပျင်းစရာကောင်းလိမ့်မယ်"
ရုံချီက ပုတီးစေ့များကို အိတ်ကပ်ထဲသို့ ထည့်သိမ်းပြီး ခပ်ပြုံးပြုံးလေးပြောသည်။ စူးမြောင်အာလည်း အိပ်ရေးဝပြီး စိတ်ကြည်နေသည့်အပြင် တစ်လျှောက်လုံး စိတ်ပင်ပန်း လူပင်ပန်းဖြစ်ခဲ့သော အလုပ်တစ်ခု၏ အဆုံးသတ်ကို ကြည့်ခွင့်မရလိုက်ပါက နောင်တရစရာကောင်းသည်ဟု တွေးပြီး ရုံချီနှင့်အတူလိုက်ရန် ဆုံးဖြတ်ခဲ့သည်။
"ရတယ် လိုက်ခဲ့မယ်လေ..တစ်ယောက်ထဲ နေရတာ ပိုပျင်းဖို့ကောင်းတယ်"
"ဟုတ်ပြီ ဟုတ်ပြီ မြောင်မြောင့်သဘော"
ရုံချီက ခေါင်းညိတ်ပြပြီး သဘောတူသည်။
ထို့နောက် စူးမြောင်အာတစ်ယောက် ရုံချီ ချက်ပေးထားသော ခေါက်ဆွဲပန်းကန် ပြောင်စင်သွားသည်အထိ ဆက်စားခဲ့သည်။
"မြောင်မြောင် ကိုယ် မင်းကို ပြောခဲ့တယ်မဟုတ်လား..ကိုယ်နဲ့ ပတ်သတ်ပြီး မင်းသိချင်တာ တစ်ခုခုရှိရင် အချိန်မရွေး မေးလို့ရတယ်လို့..အခု မင်းသိချင်တာ မရှိဘူးလား"
"မရှိဘူးထင်တာပဲ"
မသိချင်ဟုဆိုလျှင် လိမ်ရာကျလိမ့်မည်။ ရုံချီကိုယ်တိုင် ဖုံးကွယ်ထားသော အကြောင်းအရာတစ်ခုကို သူမ မမေးချင်ပေ။ သို့သော် ယခုမူ ရုံချီကိုယ်တိုင် လိုလိုလားလား မေးခွင့်ပြုသည့်အတွက် အခွင့်အရေးကို အသုံးချပြီး မေးခွန်းအချို့ မေးကြည့်ရန် ပါးစပ်ဟလိုက်ချိန်တွင် ဖုန်းသံမြည်လာသည်။ ထိုဖုန်းသံသည် စားပွဲပေါ်တွင် တင်ထားသော ရုံချီ၏ ဖုန်းမှ ထွက်လာခြင်းဖြစ်သည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်