အခန်း(၁၀၃)-မပြီးပြတ်သေးသောရန်ပွဲ
"ဖုတ်ကောင်နတ်ဆိုးဆိုတာ ဒဏ္ဍာရီထဲမှာပဲရှိတဲ့ ဖြစ်တည်မှုမျိုးဆိုတော့ ဒီလောကကြီးထဲမှာ တကယ်ရှိနေရင်တောင် ရှာတွေ့ဖို့ အရမ်းခက်တယ်"
ယဲ့ချွင်က နောက်ဆုံးပိတ်ရှင်းပြပြီးနောက် ကိုယ်လက်သန့်စင်ရန် ထွက်သွားတော့သည်။ စူးမြောင်အာလည်း အခန်းပြန်ရန် အနောက်လှည့်လိုက်ရာ သူမကို ရပ်ကြည့်နေသော ရုံချီကို ဗြုန်းခနဲ တွေ့လိုက်ရလေသည်။ ရုံချီကို မြင်သည်နှင့် အကြောင်းပြချက် ရေရေရာရာမရှိပါဘဲ အပြစ်ရှိသလို ခံစားလိုက်ရသည်။
"ဘယ်လိုဖြစ်ပြီး ရုတ်တရက် ရောက်လာတာလဲ..လန့်လို့သေတော့မှာပဲ"
"မင်း ယဲ့ချွင်နဲ့ စကားပြောတာကို နားထောင်နေတာ"
"ကျွန်မ သူနဲ့ စကားစပ်မိလို့ မေးကြည့်တဲ့သဘောပါ..ပြီးတော့ ရှင်နဲ့အတူလိုက်မယ်ဆိုရင် ရှင်ပြောတာတွေကို နားလည်ဖို့အတွက် ဗဟုသုတရှိဖို့တော့ လိုတယ်မဟုတ်လား"
စူးမြောင်အာ ရုံချီကို မလှိမ့်တပတ်လုပ်ပြီး လစ်ထွက်ရန် ကြိုးစားလိုက်သည်။ သို့သော် ရုံချီက လက်တစ်ဖက်ကို ဆန့်ပြီး သူမ၏ လမ်းကို ပိတ်သည်။ ၎င်းကြောင့် ရုံချီ၏ လက်နှင့် ခေါင်း ဝင်တိုက်သွားမိသည်။ စူးမြောင်အာကြံရာမရသည့်အဆုံးတွင် 'ဘာမှမသိ ဘာမှမလုပ်'ဟူသော အမူအရာမျိုးဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ရုံချီကို မော့ကြည့်လိုက်သည်။ရုံချီက စိတ်မကြည်သော မျက်နှာဖြင့် သူမကို မေးသည်။
"မင်း ကိုယ့်အပေါ် မသက်ာတာတစ်ခုခုရှိရင်လည်း ကိုယ့်ကိုပဲ တိုက်ရိုက်မေးလေကွာ..မင်းမေးရင် ကိုယ်က မင်းကို မပြောပြဘဲ လျှို့ဝှက်ထားနိုင်မယ့်သူမျိုးလား"
"ကျွန်မ ယဲ့ချွင်နဲ့ တွေ့လို့ ဒီအတိုင်းပဲ မေးကြည့်လိုက်မိတာလို့ ပြောပြီးပြီမဟုတ်လား..ဘာဖြစ်လို့ ဒီလောက်တောင် ဆတ်ဆတ်ထိမခံဖြစ်နေရတာလဲ..ပြီးတော့ ယဲ့ချွင်ဆိုတာလည်း အန္တရာယ်ရှိတဲ့သူမျိုးမဟုတ်ပါဘူး"
"ယဲ့ချွင်က အန္တရာယ်မရှိဘူးဟုတ်လား..သူ မင်းကို အန္တရာယ်မပေးဘူးဆိုတာ မင်း ဘယ်လိုသိလဲ"
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်