Part 105

176 17 0
                                    


အခန်း(၁၀၅)- မစိမ်းကားပါနဲ့

ရုံချီက ကြမ်းတိုက် တံမြက်စည်းလှဲပြီးသည့်နောက်တွင် နာရီတစ်ချက်လှမ်းကြည့်ပြီး သူမကို မေးသည်။

"မြောင်မြောင် ဗိုက်ဆာပြီလား..ကိုယ် မင်းအတွက် တစ်ခုခုချက်ပေးမယ်လေ..ဘာစားချင်လဲပြော"

ထိုသို့မေးပြီးနောက် ရုံချီက သူမ၏ အဖြေကိုပင် မစောင့်ဘဲ မီးဖိုခန်းထဲသို့ စိတ်မြန်လက်မြန် ဝင်သွားပြီး ဆန်ပြုတ်ချက်ရန် ဆန်ဆေးနေတော့သည်။

"မချက်နဲ့တော့လေ..အပြင်မှာပဲ သွားစားရအောင်"

"ဘာဖြစ်လို့ အပြင်မှာ စားမှာလဲ..အပြင်စာတွေက ကိုယ်ချက်ကျွေးတာလောက်မှ အရသာမှမရှိတာ"

ရုံချီက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

ရုံချီသည် နဂိုကတည်းက အစားအသောက် ချက်ပြုတ်ရာတွင် ဝါသနာပါသူဖြစ်သည့်အတွက် သူမအတွက် ဟင်းချက်ပေးခြင်းက မထူးဆန်းသော်လည်း ယခုတွင်မူ ရုံချီက သူမစိတ်ကျေနပ်အောင် အတင်းကြိုးစားနေသည်ဟု စူးမြောင်အာ ခံစားရသည်။ မကြာသေးမီကမှ ကတောက်ကဆဖြစ်ထားသည့်ကိစ္စကြောင့် သူ့အပေါ် စိမ်းကားသွားသည်ဟု ထင်နေပုံရသည်။

အမှန်ကို ဝန်ခံရသော် ရုံချီ ထင်သည့်အတိုင်းပင် သူမ ရုံချီအပေါ် ခပ်တန်းတန်း ဆက်ဆံနေခြင်းဖြစ်သည်။ အတိအကျဆိုရလျှင် ကိုယ့်ကိုယ်ကိုယ် သတိပေးရန် ကြိုးစားနေခြင်းဖြစ်သည်။ ယခင်က ရုံချီက သူမအပေါ် ကြင်နာစွာ ဆက်ဆံပေးပြီး ဂရုစိုက်ပေးခဲ့သည့်အတွက် ကိုယ့်ကိုယ်ကိုယ် အရေးပါလှပြီဟု ထင်မိခဲ့သည်။

မည်သို့ပင်ဖြစ်စေ အဖြူအမည်းဓာတ်ပုံတစ်ပုံနှင့် ယှဥ်လာချိန်တွင် သူမဟာ ရုံချီအတွက် ဓာတ်ပုံတစ်ပုံဟောင်းတစ်ပုံလောက်ပင် တန်ဖိုးမရှိကြောင်း နားလည်သွားခဲ့သည်။ သူမဟာ ရုံချီအတွက် ယာယီအစားထိုးခံမျှသာဖြစ်သည်။ လူ့သဘာဝအတိုင်း လိုရမ္မက်ရှိ၍ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးသည်ဟုသာ ဆိုကြပါစို့။

ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်ဒုက္ခမရှာမိရန်အတွက် ရုံချီနှင့် သူမအကြားတွင် စည်းတစ်ခုထားရန် ဆုံးဖြတ်ခဲ့သည်။

တစ္ဆေသတို့သားWhere stories live. Discover now