အခန်း (၁) ဝန်ခံခြင်း
Unicode
ယွီကျစ်ယွီမျက်လုံးဖွင့်လိုက်တော့ ခါးသီးမှုနှင့်မုန်းတီးမှုတို့ ရောထွေးနေသော မျက်နှာတစ်ခုကိုတွေ့လိုက်ရသည်။
ဒါဘယ်သူလဲ?
ယွီကျစ်ယွီသည် တစ်ညလုံးဂိမ်းဆော့ပြီး အိပ်ရာဝင်တာကိုမှတ်မိသည်။ပြီးနောက်မှာတော့ သူမူးနောက်နောက်ဖြစ်ကာ အမှောင်ထုကြီးထဲရောက်သွားသည်။
သူပြန်နိုးလာတဲ့အချိန်မှာ သူဒီလူကိုတွေ့လိုက်ရတာပင်။နောက်ခံသည် ဖရိုဖရဲနှင့်စည်းစနစ်ကျသော အိပ်ဆောင်မဟုတ်ပဲ အနီရောင်တောက်ပနေသည်။
ခဏလေး..သူလဲလျောင်းနေတာမဟုတ်ဘူး၊ သူရပ်နေတယ်?
နေပါဦး..ဘာကြောင့်သူ ဝတ်စုံပြည့်ဝတ်ထားရတာလဲ?
သူ့ကိုကြည့်နေတဲ့လူက ပွဲတတ်ဝတ်စုံပြည့်ကိုဝတ်ထားပြီး တောက်ပြောင်နေသော ဆံပင်တွေကို နောက်ပြန်ဖီးသပ်ထားသည်။တာ့ပေထုံက သူ့ကိုကြည့်ပြီး တင်းတင်းကြပ်ကြပ်မျက်မှောင်ကြုတ်ကာ လည်ချောင်းထဲမှသူ့အသံကိုညှစ်ထုတ်လိုက်ပုံရသည်။
[T/N - ကိုယ်ရှာကြည့်လိုက်တာတော့
Dabeitou>> 大 -ကြီးတာ, 背头 -နောက်လှန်ထားတာတဲ့ဆံပင်ပုံစံ
တာ့ပေထုံ >> နောက်လှန်ထားတဲ့ဆံပင်ပုံစံကြီး or ဆံပင်နောက်လှန်ဖီးထားတဲ့ခေါင်းကြီး]"ကျစ်ယွီ...."
ယွီကျစ်ယွီ မသိစိတ်ကနေ ပြန်ဖြေလိုက်သည်။
"ဟင်?"တာ့ပေထုံက ရုတ်တရက် အနားရောက်လာပြီး သူ့ပုခုံးကိုဖိလိုက်ကာ: "ငါတောင်းပန်ပါတယ်"
ယွီကျစ်ယွီက ဘာတွေဖြစ်နေမှန်းမသိဘူး။ဒါကြောင့် သူယဥ်ကျေးစွာပြန်ဖြေလိုက်သည်။
"အဆင်ပြေပါတယ်?"ထိုလူက စိတ်သက်သာရာရသလို အသက်ပြင်းချကာ လှည့်ပြီးပြေးလေသည်။
ဘာအတွက် ခင်ဗျားပြေးနေတာလဲ?ယွီကျစ်ယွီ ထိုလူရဲ့ပြေးလမ်းအတိုင်းလိုက်သွားရင်း သူ့ဘေးပတ်ပတ်လည်ကိုမြင်လိုက်ရသည်။
ဒီဟာက ပွဲခန်းမတစ်ခုဖြစ်ပြီး မျက်လုံးတွေအားလုံးက ပျော်ရွင်မြူးတူးသောအနီရောင်တောက်ပနေသည်။သူရပ်နေသောနေရာသည် စင်မြင့်ဖြစ်ပြီး၊ အောက်မှာတော့အစားအသောက်အပြည့်စားပွဲဝိုင်းတွေနှင့် ဧည့်သည်များပြည့်နှက်နေသည်။ဧည့်သည်အားလုံးက ခုနကလူအတိုင်း ပွဲတတ်ဝတ်စုံပြည့်တွေဝတ်စားထားကြသည်။
YOU ARE READING
ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်
Romance#This is not my own. #Credit to original Author & English Translator. #Fun transalation.