Unicode
အခန်း (၁၉) လက်စားချေခြင်း
ယွီကျစ်ယွီသည် နောက်ထပ် လေးရက်မျှ အနားယူပြီး ကျောင်းစည်းကမ်းများအတိုင်း အတန်းအစည်းအဝေးသို့ သွားခဲ့သည်။
စစ်ရေးလေ့ကျင့်မှုကြောင့် ဒုတိယနှစ်ကျောင်းသား၊ကျောင်းသူလေးများက ကျောင်းသို့ အစောကြီးရောက်လာပြီး အစီစဥ်အတိုင်း ကျောင်းစတက်ရန် ပြင်ဆင်ခဲ့ကြသည်။ အတန်းအစည်းအဝေးအဖွင့်မှာပဲ အတန်းပိုင်ဆရာ၏ စစ်ရေးလေ့ကျင့်မှု အကျဉ်းချုပ်ကို နားထောင်လိုက်ရကာ စာသင်နှစ်သစ်ကို စောင့်မျှော်ပြီး နောက်အတန်းအတွက် သင်ကြားမှုအတိုင်းဆက်သွားရန်ဖြစ်သည်။
ယွီကျစ်ယွီသည် စင်မြင့်ပေါ်က အကြောင်းအရာတွေကိုဂရုမစိုက်ဘဲ သူ့ရဲ့ကိုယ်ပိုင်အကြောင်းအရာကိုသာတွေးနေခဲ့၏။
ဖူဟန်သည် မကြာသေးမီက အလုပ်များနေခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော အပြင်လူများနှင့် တွေ့ဆုံတာမဟုတ်ရင် သူ့အခန်းထဲမှာပဲ အလုပ်လုပ်နေခဲ့တယ်။ အခု သူနဲ့ စကားပြောဖို့ အခွင့်အရေး ပိုပိုပြီးနည်းနည်းလာခဲ့၏။ နောက်ဆုံးတွေ့ခဲ့တဲ့အကြိမ်က သူ့မွေးနေ့တုန်းကပင်။
ယွီကျစ်ယွီက နည်းလမ်းမစဉ်းစားခဲ့တာတော့ မဟုတ်ဘူး။ သူ စောစောထကာ ပြန်လည်ထူထောင်ခြင်းအခန်းတံခါးအပြင်က ကော်ရစ်တာကို မကြာမကြာ သွားလေ့ရှိသည်။ ဖူဟန်ကို ညစာအတွက် နှုတ်ဆက်စကားမက်ဆေ့ချ်တွေလည်းပို့သေးသည်...
ဖူဟန်သည် မက်ဆေ့ခ်ျများကို အခြေခံအားဖြင့် အကြောင်းပြန်ခြင်းမရှိပေ။ သူနှင့်တွေ့ရင်လည်း အမူအရာမဲ့စွာနဲ့ "ငါ့မှာအချိန်မရှိဘူး" ဟုသာ ငြင်းပယ်ခဲ့သည်။
အခုတော့ ယွီကျစ်ယွီက ဒုက္ခမရှာဝံ့တော့ဘဲ တိတ်တဆိတ် ပြန်ဆုတ်ခွာနေခဲ့တယ်။ သူထင်ခဲ့တာက မနက်ဖြန်ဆိုရင် ပိုပြီးကောင်းလာနိုင်သည်ဟု။ မနက်ဖြန်ပြီးမနက်ဖြန်သာ။ ဖူဟန်ကို စကားနည်းနည်းမှ မပြောရသေးပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာ ကျောင်းကစတက်ရတော့မယ်။
ဒီလိုမျိုးဆက်သွားနေရင်းနဲ့ ဖူဟန်က သူ့ကို မေ့သွားရင် ဘယ်လိုလုပ်မလဲ?
![](https://img.wattpad.com/cover/360692344-288-k481147.jpg)
YOU ARE READING
ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်
Romance#This is not my own. #Credit to original Author & English Translator. #Fun transalation.