Unicodeအခန်း (၂၀) လေးနက်သည်။
ရင်းရှောင်ရွီး၏အိမ်နံရံက နံရံဘောင်ကွက်များနဲ့ ပန်းချီးကားချပ်များဖြင့် အံခွင်ဝင်ကျချိတ်ဆွဲထားတာဖြစ်သည်။ ထိုအရာတွေနဲ့ရိုက်မိပါက သက်ရောက်မှုကို ခံနိုင်ရည်ရှိရရုံသာမက မညီမညာဖြစ်နေသော နာကျင်မှုကိုလည်း ခံစားရမည်ဖြစ်သည်။
ရင်းရှောင်ရွီးသည် ရိုက်ခတ်မှုဒဏ်မှ မသက်သာသေးခင် လည်ပင်းညှစ်မှုဒဏ်ကြောင့် အသက်မရူနိုင်တော့ပေ။ သူ့မျက်နှာကနီရဲလာပြီး မျက်လုံးများကလည်း ပြူးကျယ်လာတယ်။
ယွီကျစ်ယွီ အံ့အားသင့်သွားသည်။ သူ လက်စားချေသည့် ခံစားချက်ကိုခံစားရမည့်အစား မွန်းကြပ်သည့်ခံစားချက်ကိုသာ ပြန်သတိရမိသည်။
နောက်တစက္ကန့်မှာပဲ ရင်းရှောင်ရွီး လဲကျသွားမှာကို သူတကယ်စိုးရိမ်မိ၏။ ထို့ကြောင့် ရှေ့ကိုတိုးလာပြီး ဖူဟန်ရဲ့လက်မောင်းကိုဆွဲလိုက်ကာ ဖျောင်းဖျလိုက်သည်။
"ဒါဆို လုံလောက်ပြီ"
ဖူဟန် တကယ်ပဲ လွှတ်ပေးလိုက်တယ်။
"အဟွတ်!"
ရင်းရှောင်ရွီး အသက်ပြင်းပြင်းရှူပြီး ပြင်းထန်စွာ ချောင်းဆိုးလာသည်။ အားနည်းလာတဲ့သူ့ခန္ဓာကိုယ်က ထပ်မရပ်နိုင်တော့ပဲ နံရံကို လျှောကျသွားလေတယ်။ သူ့လက်တွေဟာလည်း မြေကြီးပေါ်ထောက်မိကာ ဖန်စတွေက သူ့လက်မှာစိုက်မိသော်လည်း နာကျင်မှုကိုတောင်မခံစားမိတော့သလိုပင်။
ယွီကျစ်ယွီကတော့ ထိုခံစားချက်ကို သိသည်။
အသက်ရှုလိုက်တိုင်း နာကျင်မှုကိုသယ်ဆောင်လာသော်လည်း ခန္ဓာကိုယ်ရဲ့ရှင်သန်ချင်မှုဗီဇက ဟောဟဲလိုက်ကာပင့်သက်ရှိုက်စေရန် တွန်းအားပေးနေခဲ့သည်။
ရင်းရှောင်ရွီးမှာ ခုခံဖို့ ခွန်အားမရှိမှန်း သူသိသောကြောင့် ဖူဟန်ကိုပြန်ဆွဲလိုက်ပြီး "ဝေးဝေးမှာရပ်နေ"
"ကောင်းပြီ"
ဖူဟန်က သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး နောက်ပြန်လျှောက်သွားလိုက်ပေမယ့် သူ့ရှေ့မှာတော့ရပ်နေတုန်းပဲ။

YOU ARE READING
ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်
Romance#This is not my own. #Credit to original Author & English Translator. #Fun transalation.