Unicode
ထိုမှသာ ယွီကျစ်ယွီသည် လော့ခိုင်နောက်ရှိ ကြင်နာစွာ ပြုံးပြနေသော အဒေါ်ကို သတိပြုမိတာပင်။
"အဒေါ်ကျန်း..မင်းအတွက် ချက်ပြုတ်ပေးဖို့"
လော့ခိုင် ထိုသို့ပြောပြီးနောက် အိမ်ထဲကို ဝင်သွားသည်။
ယွီကျစ်ယွီ လော့ခိုင်ကို လျစ်လျူရှုလိုက်ပြီး အဒေါ်ကျန်းကို နှုတ်ဆက်လိုက်လေတယ်။
"မင်္ဂလာပါ အဒေါ်ကျန်း၊ အဒေါ် အစားအသောက်တွေကို ရေခဲသေတ္တာထဲထည့်ထားတာလား? အဲ့ဒါတွေက အရသာရှိတယ်၊ ကျေးဇူးတင်ပါတယ်"အဒေါ်ကျန်းက အံ့အားသင့်သွားပြီး "ဟင့်အင်း ငါ အလုပ်စတောင်မလုပ်ရသေးဘူးလေ"
လော့ခိုင်က ဒါကိုကြားတော့ လှည့်လာပြီး ရှင်းပြလာတယ်။
"အဲဒီအစားအစာတွေက တခြားစားဖိုမှုူး လုပ်ထားတဲ့ နေ့လည်စာတွေလေ၊ မင်းမထသေးတာမြင်လို့ ရေခဲသေတ္တာထဲကိုပဲ ထည့်ထားခဲ့လိုက်တာ၊ အခု ၅ နာရီထိုးနေပြီ၊ ညစာစားချိန်မို့ မင်းကို ကူညီဖို့ အဒေါ်ကျန်းကို ခေါ်လာခဲ့တာ"ယွီကျစ်ယွီသည် ဤသို့စိတ်အားထက်ထက်သန်သန်ရှိမှုကြောင့် ကြက်သေ,သေသွားကာ "ခင်ဗျား ဘာကြောင့် ရုတ်တရက်ကြီး အရမ်းကောင်းလာရတာလဲ? ကျွန်တော့်ကို မတိုင်မီက ကိုယ့်ဘာသာကိုယ် ဂရုစိုက်ပြီး အော်ဒါမှာစားဖို့ ခွင့်ပြုထားတာမဟုတ်လား?"
"ငါ့ကို ဘော့စ်လွှတ်လိုက်တာ"
"အိုး"
ယွီကျစ်ယွီ ဖုန်းထဲမှ မက်ဆေ့ချ်ကို ရုတ်တရက် နားလည်သွားသည်။
"ဒါဆို ဒါက စားတာရဲ့အဓိပ္ပါယ်ပေါ့''လော့ခိုင်က ထပ်မေးလာခဲ့သည်။
"မင်း အခု ညစာစားချင်နေပြီလား"ယွီကျစ်ယွီ ထမင်းစား စားပွဲကို လက်ညှိုးထိုးပြပြီး "မဟုတ်ဘူး၊ ကျွန်တော် စားပြီးပြီ၊ အမဲသားစတူးတောင် တစ်ဝက် ကျန်နေတုန်းပဲ"
"ဒါဆို အဒေါ်ကျန်း အိမ်သန့်ရှင်းရေးပဲ လုပ်လိုက်တော့"
လော့ခိုင် နောက်ထပ်တာဝန်တစ်ခုပေးလိုက်တယ်။အဒေါ်ကျန်းက ခေါင်းညိတ်ပြီး လှည့်သွားကာ အခန်းသန့်ရှင်းရေးလုပ်တော့သည်။
YOU ARE READING
ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်
Romance#This is not my own. #Credit to original Author & English Translator. #Fun transalation.