Unicode
အခန်း (၂၄) သန့်ရှင်းရေး
သတင်းထောက်တွေ ဓာတ်ပုံရိုက်တဲ့အခါ ယွီကျစ်ယွီ အသက်ပြင်းတစ်ချက်ချလိုက်သည်။
ကိစ္စမရှိပါဘူး၊ အဓိက ဓာတ်ပုံရိုက်ခံရတာက ဖူဟန်ပင်။ ဖူဟန်က သတင်းထောက်တွေရဲ့စိတ်ဝင်စားတာခံရရင် သူ(FH) ဟိုမနှစ်မြို့စရာအာမခံစာအကြောင်း တွေးမိတော့မှာမဟုတ်သလို သူ့ကိုဆက်စိုက်ကြည့်တော့မှာလည်းမဟုတ်ပေ။
ယွီကျစ်ယွီက လှလှပပလေး တွေးနေပေမယ့် နောက်တစက္ကန့်မှာပဲ ဖူဟန်က သူ့ကို ထိုင်ခုံပေါ်ဖိချလာလေတယ်။
နှုတ်ခမ်းထောင့်ရှိ သူ့(FH)အပြုံးက သူ့(YZY)အတွင်းစိတ်ရှိ အာမေဍိတ်သံနှင့် ပရမ်းပတာဖြစ်နေတဲ့ ဝင်သက်ထွက်သက် အားလုံးကို မျိုချမိသွားစေ၏။
ယွီကျစ်ယွီ လုံးဝကို ကြည်သေ,သေသွားသည်။
ဖူဟန်နဲ့ ဒီလောက်ရင်းနှီးတဲ့ အကွာအဝေးရှိလိမ့်မယ်လို့ ဘယ်တုန်းကမျှ သူမတွေးခဲ့မိဘူး။
ဖူဟန်က တစ်ယောက်ထဲနေရတာကိုနှစ်သက်ပြီး သူသည် သူ့(FH)လက်တွဲဖော်တစ်ဦးအတွက်လည်း တူညီတဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များရှိ၏။ သူနဲ့ထိုလိုအပ်ချက်တွေက လားလားမျှမသက်ဆိုင်နေပေ။
သူက ဖူဟန်ကို သဘောကျပြီး ဖူဟန်က သူ့အတွက် ကူညီပြီးတော့ အမှောင်ထုကို မောင်းထုတ်ပေးတဲ့ အလင်းတန်းတစ်ခုဖြစ်ကြောင်း ခံစားမိ၏။ သူက ပိုမိုနီးကပ်ချင်သော်လည်း သူတို့ကြားတွင် ပေါင်းကူး၍မရနိုင်သော ကွာဟချက်ရှိကြောင်းကိုလည်း သိ၏။
သို့သော်လည်း ဤအလင်းတန်းသည် ရုတ်တရက် တောက်ပလာပြီး သူနှင့်ရောထွေးကာ သူနှင့် တစ်သားတည်း ဖြစ်လိုလာသည်။
ယွီကျစ်ယွီ ပျောက်ဆုံးသွားပြီး မသိစိတ်က လွတ်မြောက်ချင်သည်။ ဒါပေမယ့် ဖူဟန်ရဲ့ လက်မောင်းတွေအတွင်းမှာ ပိတ်မိနေပြီး သူ ဖိအားကနေလွတ်မြောက်ရန်တွန်းဖို့ သူ့လက်ကိုဆန့်ထုတ်လိုက်ပေမယ့် အဲ့ဒီအစား ဖူဟန်ရဲ့ဆုပ်ကိုင်ထားခြင်းကိုခံလိုက်ရသည်။
လက်အားက အထက်စီးမဆန်ခဲ့ပေ။ ပေါ့ပါးသောလက်ချောင်းထိပ်တွေနဲ့ လက်ဖဝါးအတွင်းရှိအနွေးဓာတ်က နှစ်သိမ့်မှုပေးနိုင်လေတယ်။
YOU ARE READING
ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်
Romance#This is not my own. #Credit to original Author & English Translator. #Fun transalation.