Unicode
အရောင်းအ၀ယ်က အလွန်စိတ်ပျက်စရာကောင်းစွာပဲ ကျရူံးသွားလေတော့သည်။ သူက အခု လှုပ်ရှားမှုတွေကို ကန့်သတ်မထားတာတောင် သူ့အခန်းထဲမှာပဲ နေ့တိုင်းရှိနေခဲ့တယ်။ ဖူဟန်က နေ့တိုင်း အဲ့ဒါကို အရှင်းလင်းဆုံး မြင်နေရတာပင်။
ယွီကျစ်ယွီက အသံတိုးတိုးဖြင့် ခုခံပြောဆိုသည်။
"ကျွန်တော် အချိန်အများစုကို စာလေ့လာရင်းဖြုန်းတီးခဲ့တာ"သူ မျက်တောင်ခတ်ပြီး ခေါင်းမော့လိုက်ကာ ချိုမြိန်တဲ့အပြုံးတစ်ခုပေးလိုက်၏။
ဖူဟန် မျက်မှောင်ကြုတ်မိကာ အဝေးသို့ အကြည့်လွှဲလိုက်သည်။
ချစ်စရာကောင်းအောင် ကြိုးစားတာလည်း ကျရူံးသွားခဲ့ပြီ။ ယွီကျစ်ယွီ သူ့ခေါင်းကိုငုံ့လိုက်တော့ စားပွဲအောက်မှာ ဝှက်ထားတဲ့ ဖူဟန်ရဲ့လက်က ကျစ်ကျစ်ပါအောင် လက်သီးဆုပ်ထားတာကို တွေ့လိုက်ရသည်။
သူ ခဏလောက် အထိတ်တလန့်ဖြစ်သွားရတယ် : ပြီးသွားပြီ၊ ဖူဟန်က သူ့ကို ရိုက်ချင်နေပြီလား?
တစ်ဖက်ရှိဖူဟန်မှာတော့ ယွီကျစ်ယွီကို စိုက်ကြည့်ပြီး အနည်းငယ် ပျာယာခတ်နေခဲ့၏ : အရမ်းချစ်စရာကောင်းတယ်၊ သူ့ခေါင်းကို ထိချင်တယ်...
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်နေတုန်း တခြားသူတွေမှာ ရှက်သွားကြရ၏။ လော့ခိုင်က ဘယ်ညာ ကြည့်ပြီး မတတ်နိုင်ဘဲ ပြောလာလေတယ်။
"အလုပ်ကိစ္စအရင်ပြောရအောင်၊ အဆင်ပြေလား?""အိုကေ"
ဖူဟန်က အဝေးကိုကြည့်ကာ "ဆက်လုပ်"လော့ခိုင်က ဆက်လက်ပြောပြသည် - "သက်တော်စောင့်ပုံစံကိုတော့ အစမ်းသဘောအနေနဲ့ ဆုံးဖြတ်ထားတယ်။ မနက်ဖြန် ပွဲကိုသွားမှ အခြေခံဆုံးဖြတ်နိုင်လိမ့်မယ်။ ပြီးတော့ ငါတို့ရဲ့လူတွေအပြင် ဧည့်သည်အနည်းငယ်ကိုလည်း လာဘ်ထိုးနိုင်တယ်။ ဒီလိုက ပြီးခဲ့တဲ့အကြိမ် မင်းဝမ်းကွဲဆီလည်ပတ်တာထက် ရွေးချယ်မှုပိုကောင်းတယ်"
ယွီကျစ်ယွီ စိတ်ရှုပ်သွားသည်- ဘာလဲ? ဝမ်းကွဲ?
ယွီကျစ်ယွီ ပြန်သက်သာလာတဲ့အခါ လော့ခိုင်ကထပ်ပြောလာခဲ့သည်။
"မစ္စတာလင်းက ပိုက်ဆံရှာချင်ရုံပဲ၊ ဒါကြောင့်ပဲ သူက မင်း ဘက်လိုက်,လိမ့်မယ်။ သူလည်းပဲ သက်တော်စောင့်တွေနဲ့ သွားလာရတာ ကြိုက်တာကြောင့် ပွဲကြည့်စင် စီစဉ်ပေးကောင်း စီစဥ်ပေးနိုင်တယ်လေ"
![](https://img.wattpad.com/cover/360692344-288-k481147.jpg)
YOU ARE READING
ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်
Romance#This is not my own. #Credit to original Author & English Translator. #Fun transalation.