Unicode
အခန်း (၂၆) အတူတကွနေထိုင်ခြင်း။
ဖူဟန်က သူ့ကို ခဏလောက် ပွေ့ဖက်ထားလိုက်ပြီး စားပွဲတင်ကွန်ပျူတာကို အာရုံစိုက်လိုက်တယ်။
ကွန်ပျူတာတွင် ဓာတ်ပုံဖိုင်တွဲတစ်ခုကို ပြထားသည်။ ထိုတစ်ခုအပြင် တစ်ခြား အချောမသတ်ရသေးသော အရာများစွာရှိလေတယ်။ ရှန်ကျူးယွင်သည် A တက္ကသိုလ်ရှိ ခန်းမသို့သွားရူံသာမက တံခါးဝရှိဇာတ်ကောင်ကြီးများ၊ တည်ထောင်သူ၏ရုပ်ထု၊ စာသင်ခန်းနှင့် အခြားနေရာများတွင်ပါ ဓာတ်ပုံများစွာရိုက်ခဲ့သည်။
ဓာတ်ပုံများသည် ကွန်ပျူတာ၏အလိုလျောက်စနစ်အရ နေ့စွဲအတိုင်း အစဥ်တကျရှိ၏။ ပထမပိုင်းတွင် ရှန်ကျူးယွင်၏အပြုံးက အလွန်ကောင်းမွန်သည်ဟု ဖူဟန်သတိပြုမိခဲ့ပေမယ့် ထို့နောက်မှာတော့ သူမရဲ့အသားအရောင်က အနည်းငယ် ဖြူရော်နေသယောင်။ အဆုံးရှိပုံမှာတော့ သူမရဲ့အသားအရောင်ကိုထိန်းဖို့ နှုတ်ခမ်းနီရဲရဲကိုဆိုးထားပေမယ့် သူမ မျက်လုံးထဲရှိ ပင်ပန်းနွမ်းနယ်မှုကိုတော့ ဖုံးကွယ်မထားနိုင်လေဘူး။
ရှန်ကျူးယွင်ရဲ့ကျန်းမာရေးအခြေအနေ မကောင်းဘူးလို့ လော့ခိုင်ပြောခဲ့တယ်။ ဒီလောက်ကြီးတဲ့ A တက္ကသိုလ် တစ်လျှောက်လုံးကို ကျန်းမာတဲ့သူတွေတောင် လျှောက်ဖို့မလွယ်ဘူး။ ရှန်ကျူးယွင်၏ ခန္ဓာကိုယ်အခြေအနေက အားနည်းနေပြီးသားဖြစ်နေသောကြောင့် ပိုလိုတောင် မခက်ခဲပေဘူးလား။A တက္ကသိုလ်က သူတတ်ခဲ့တဲ့ကျောင်းဖြစ်တာကြောင့် သူလည်း A တက္ကသိုလ်မှာ ဓာတ်ပုံအများကြီးရိုက်ဖူးပြီးတော့ သူမနဲ့အတူ ဓာတ်ပုံရိုက်ချင်ခဲ့၏။
ဖူဟန် အနည်းငယ် စိတ်ပျက်သွားသလိုခံစားလိုက်ရပြီး အသက်ပြင်းတစ်ချက်ချလိုက်သည်။
ယွီကျစ်ယွီ သူ့အသက်ပြင်းချသံကြားတော့ နည်းနည်းခွာလိုက်ပြီး သူ့ခေါင်းကိုမော့ကာ "လောင်ကုန်း.. စိတ်အနှောင့်အယှက်ဖြစ်နေလို့လား"
"အမ်"
ဖူဟန်က သူ့အဒေါ်အတွက် အသက်ပြင်းချနေတာဟု မပြောချင်သောကြောင့် သူလက်ခံလိုက်ရ၏။

YOU ARE READING
ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်
Romance#This is not my own. #Credit to original Author & English Translator. #Fun transalation.