Unicode
ယွီကျစ်ယွီ သူ့ခေါင်းကို ပွတ်လိုက်ပြီး အနည်းငယ် စိတ်ရှုပ်သွားသည်။
ဖူဟန်က သူ့အပေါ် ဘယ်လိုတောင် နူးညံ့နေရတာလဲ?
သူမျက်တောင်ခတ်လိုက်ပြီး သူ့မျက်နှာကို ထပ်သုတ်လိုက်တယ်။ သူ့မျက်ရည်တွေကို သုတ်လိုက်တော့ အမြင်အာရုံက ပိုကြည်လင်လာခဲ့တယ်။ဖူဟန်ရဲ့ နူးညံ့တဲ့အမူအရာတွေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး အိပ်မက်ဆိုးကြီးပြီးဆုံးသွားပြီဆိုတာကို သူတကယ်ခံစားမိသွားတယ်။
သူ ကယ်တင်ခြင်းခံရရင် ဖူဟန်က သူ့ကို ကာကွယ်လိမ့်မည်။
ယွီကျစ်ယွီ၏ နှာခေါင်းက ချဥ်စူးနေပြီး သူက ကြင်နာစွာခေါ်လိုက်သည်။
"လောင်ကုန်း.."ဖူဟန် မျက်မှောင်ကြုတ်ကာ "ငါ့ကို ဖက်ထား"
အသံက ပျော့ပျောင်းလွန်းသဖြင့် နှစ်ယောက်တည်းသာ ကြားနိုင်သည်။
ယွီကျစ်ယွီအံ့သြသွားသော်လည်း နာခံနေဆဲပင်။ သူ့ကို ဖက်လိုက်တဲ့အချိန်မှာ အလေးချိန်က သူ့ကိုဖိချလာသလို ခံစားလိုက်ရပြီး ငိုချင်နေတဲ့ ခံစားချက်ကလည်း ရုတ်တစ်ရက် ပျောက်ကွယ်သွားတော့သည်။
တော်တော်လေး,လေးတယ်။ ဖူဟန်၏အရပ်အမြင့်အရ သူ ဘယ်တော့မှ ပေါ့ပါးလိမ့်မည်မဟုတ်ပေ။
ယွီကျစ်ယွီက သက်တောင့်သက်သာ မဖြစ်စွာ ညည်းညူလိုက်သည်။
"ဟင်း"ဖူဟန် ထပ်ပြောလာခဲ့ပြီး သူ့အသံဟာလည်းအနည်းငယ် တုန်နေခဲ့သည်။
"ငါ ထပ်ပြီး မထိန်းနိုင်တော့ဘူး"ယွီကျစ်ယွီ ချက်ချင်းနားလည်သွားသည်။
ဘယ်လိုလုပ် ကုသနိုင်မှာလဲ။ ဖူဟန်သည် သူ့ဦးလေးအား အချိန်ဆွဲရန် ခြောက်လှန့်ဖို့ကြိုးစားနေရုံသာဖြစ်သည်။
ယွီကျစ်ယွီသည် သွားများကို အံကြိတ်လိုက်ကာ ဖူဟန်ကို ထောက်ခံဖို့ ခိုင်မြဲစွာ ရပ်တည်ရန် ကြိုးစားခဲ့သည်။
ရင်းရှောင်ရွီးက သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်နေတာကို မြင်ပြီး လှောင်လာခဲ့သည်။
"ဖူဟန်၊ မင်း ဒီအရူးအနှမ်းကို တကယ် ကြိုက်လို့လား။ ကောင်းပြီ၊ မင်းကို ငါ ကူညီပြီး မင်းတို့ အချစ်တွေ ဆက်လုပ်ဖို့ လူနာဆောင်ကိုပြန်ပို့ပေးမယ်!"
![](https://img.wattpad.com/cover/360692344-288-k481147.jpg)
YOU ARE READING
ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်
Romance#This is not my own. #Credit to original Author & English Translator. #Fun transalation.