Ep - 60

1.2K 127 7
                                    

Unicode

ယွီကျစ်ယွီက သက်တော်စောင့်ကို စည်းရုံးခဲ့ပြီး အားလပ်ချိန် သုံးမိနစ်ရခဲ့တယ်။ သူ ထိုနေရာသို့ လမ်းလျှောက်သွားပြီး ရှန်ကျူးယွင်က ရှေ့သို့ စူးစူးစိုက်စိုက် ကြည့်နေတာကို တွေ့လိုက်ပြီးနောက် တစ်ခုံအကွာတွင် ဝင်ထိုင်လိုက်သည်။

"အန်တီ"
သူ တိုးတိုးလေး ခေါ်လိုက်သည်။

ရှန်ကျူးယွင် ခေါင်းကို လှည့်လာကာ အနည်းငယ် အံ့အားသင့်သွားပြီး "မင်းပဲ၊ ဖူဟန်ရော အနီးမှာ ရှိလား?"

ရှန်ကျူးယွင်ဟာ မနေ့က ဖူဟန်ကြောင့် ဆွံ့အသွားခဲ့ရပေမယ့် သူမမျက်လုံးတွေကတော့ အမြဲတမ်း ပျော့ပျောင်းနေခဲ့ပြီးတော့ သူမထွက်သွားတဲ့အခါ ဖူဟန် ပျောက်ကွယ်သွားတဲ့ဘက်ကို မကြာခဏ လှည့်ကြည့်နေခဲ့တယ်။ သူမ ယွီကျစ်ယွီကို တွေ့လိုက်ရတော့ ဖူဟန်အကြောင်း ချက်ခြင်းတွေးမိပြီး သူနဲ့တွေ့ဖို့ မျှော်နေခဲ့မိတယ်။

ယွီကျစ်ယွီ ကမန်းကတန်းပြောလိုက်သည်။
"တောင်းပန်ပါတယ် သူ,ပါမလာဘူး"

ရှန်ကျူးယွင် ခဏလောက်ဆုံးရှုံးသွားပြီးနောက် ထပ်မေးသည်။
"သူ မင်းကို ဒီခေါ်လာတာလား?"

"မဟုတ်ဘူး၊ ကျွန်တော် ခင်ဗျား မေးချင်တာရှိလို့"

"မင်းပြော"

ယွီကျစ်ယွီသည် ရှန်ကျူးယွင်၏ လိမ်ညာနေသည့်အရိပ်အယောင်များ လွတ်သွားမည်စိုးသောကြောင့် သူမ မျက်လုံးများထဲသို့ ကြည့်လိုက်ကာ "ခင်ဗျား ဖူဟန်ကို မြင်တဲ့အခါ ရင်းရှောင်ရွီးကို ကူပြီးတော့ ကြားဝင်တောင်းပန်နေဦးမှာလား?"

"မဟုတ်ဘူး၊ ငါ ရင်းရှောင်ရွီးကို ထပ်ပြီး မဆက်သွယ်တော့ဘူး။ သူ မနေ့က ငါ့ကို အားကန်ရဲ့အလောင်းကို ဘယ်တုန်းကမှ ရှာမတွေ့ခဲ့ဘူးလို့ သူလိမ်ညာထားတာကို ဝန်ခံခဲ့တယ်"

ယွီကျစ်ယွီ နားမလည်နိုင်သေးဘူး။
"ခင်ဗျား ဖူဟန်ကို ဘာလို့ မဆက်သွယ်တာလဲ? သူက ခင်ဗျားကို စုံစမ်းစစ်ဆေးဖို့ ကူညီပေးနိုင်တယ်လေ။ စစ်ဆေးပြီးတာနဲ့ ရင်းရှောင်ရွီး လိမ်နေတယ်ဆိုတာ ခင်ဗျားသိမှာပဲ"

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now