Ep - 42

1.2K 199 11
                                    


Unicode

သူ ဆေးရုံကိုပြန်ရောက်တဲ့အခါ ကျိချီကွမ်းကို ဘယ်လိုနေလဲလို့ မေးဖို့ စာတစ်စောင်ပို့ခဲ့သည်။
ကျိချီကွမ်း ပြန်ဖြေလာတာက: >> မင်းကိစ္စမဟုတ်ဘူး>>

ကျိချီကွမ်း အဆင်ပြေတယ်ဆိုတာကို ယွီကျစ်ယွီ သိသည်။

ဒါကိုကြားတော့ မြောင်ဟန်က သက်ပြင်းချရင်း "အဆင်ပြေပါတယ်"

အခြားသူများလည်း သက်သာရာရကြသည်။ သို့သော်လည်း စုံစမ်းမေးမြန်းရန် မလိုအပ်ကြောင်းကို မကြာမီမှာပဲ သူတို့ သဘောပေါက်သွား​ကြသည်။ အဘယ်ကြောင့်ဆိုသော် အတိုင်ပင်ခံဆရာက စာသင်ခန်းထဲ ရောက်လာပြီး သူတို့ကိုပြောလာသောကြောင့်ပင်။

"ကျိချီကွမ်းက မနေ့ညက လူဆိုးဂိုဏ်းတွေရဲ့ တိုက်ခိုက်မှုကြောင့် ဦးခေါင်းဒဏ်ရာရခဲ့တယ်။ အခြေအနေက မစိုးရိမ်ရပေမယ့် လုံခြုံရေးအရ စောင့်ကြည့်ဖို့ ဆေးရုံမှာ နှစ်ရက်နေရမယ်။ အားလုံး သတိထားကြ၊ ဘေးကင်းအောင်လည်း ဂရုစိုက်​ကြ။ မနေနဲ့........"

ထို့နောက်တော့ အမျိုးမျိုးသော ဘေးကင်းရေး သတိပေးချက်များပင်။

ဖူဟန် ရုတ်တရက် မက်ဆေ့ချ်ပို့လာသောကြောင့် ယွီကျစ်ယွီ ဂရုတစိုက်နားမထောင်ခဲ့ပေ။

ဖူဟန်: >>ကျောင်းပြီးရင် ဆေးရုံကို ပြန်သွားစရာ မလိုဘူး၊ တိုက်ခန်းကိုပဲ တိုက်ရိုက်သွားလိုက်>>

ယွီကျစ်ယွီ: >> ခင်ဗျားကော >>

ဖူဟန်: >> တစ်ပတ်အတွင်း လာခဲ့မယ် >>

ယွီကျစ်ယွီသည် လျှို့ဝှက်စွာ မေးမြန်းခဲ့တာကြောင့် တိုက်ခန်းသည် ဆေးရုံနှင့် အနည်းငယ် ကွာဝေးကြောင်း သိရှိခဲ့ရသည်။ နောက်အပတ်မှာ တွေ့ဖို့ အဆင်မပြေတော့ဘူးလို့ သူသဘောပေါက်သွားပြီး ချက်ချင်းပြောလိုက်တယ်။

>> အတန်းမရှိတဲ့အခါ ခင်ဗျားကိုတွေ့ဖို့ ဆေးရုံကိုလာလို့ရမလား? >>

ဖူဟန်: >>မရဘူး၊ အန္တရယ်များတယ် >>

ယွီကျစ်ယွီသည် မနေ့ညက ပြန်ပေးဆွဲခံရခြင်း၏ ထိတ်လန့်ဖွယ်အကြောင်းကို တွေးပြီး နာခံရန် ရွေးချယ်ခဲ့သော်လည်း ရုန်းကန်နေရဆဲဖြစ်သည်။

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now