Unicode
"ဒါဆို ကျွန်တော် ဖူဟန်ကိုမေးဦးမယ်၊ ပြီးရင် ပြန်ပြောမယ်လေ"
"ကောင်းတယ်"
ယွီကျစ်ယွီသည် ရှန်ကျူးယွင် နှင့် သဘောတူညီမှုရပြီး ဖူဟန်ကို ထပ်မံရှာဖွေခဲ့သည်။
ဖူဟန်က ယွီကျစ်ယွီ၏ အခန်းထဲတွင် လှည့်ပတ်နေတုန်းပဲ။
ယွီကျစ်ယွီက သူ့အဒေါ်ကို ခေါ်ချင်ပေမယ့် ဖူဟန်က သူ့(FH)ကိုပါ စကားပြောခိုင်းမှာစိုးသောကြောင့် ပြတ်ပြတ်သားသားပင် ထွက်ပြေးခဲ့ပြီး ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်တစ်ခု ပေးခဲ့၏။
"ငါ ဒီအိမ်ကို ပတ်ကြည့်ချင်တယ်"ဟု။
ယွီကျစ်ယွီကလည်း အတင်းမတိုက်တွန်းဘဲ "ကောင်းပြီ, ကျွန်တော် ဖုန်းခေါ်ပြီးရင် လာရှာမယ်"ဖူဟန်သည် အစက ဆင်ခြေပေးခဲ့တာသာဖြစ်သော်လည်း သူပတ်ကြည့်တဲ့အခါ အမှန်တကယ် အလေးအနက်ထားခဲ့သည်။ ယွီကျစ်ယွီ အဓိကအသုံးပြုလေ့ရှိတာက ထမင်းစားခန်း နှင့် စာကြည့်ခန်းတို့ပင်။ ထမင်းစားခန်းကိုတော့ နေ့တိုင်း အန်တီက သန့်ရှင်းရေးလုပ်ပေးသည်။ စာကြည့်ခန်းထဲတွင်တော့ ယွီကျစ်ယွီ၏ကိုယ်ပိုင်ပစ္စည်းများနှင့် ပြည့်နှက်နေ၏။ ယွီကျစ်ယွီက သူ့ပစ္စည်းတွေကို ရှာမတွေ့မှာစိုးသောကြောင့် သူကိုယ်တိုင်လုပ်ရန် ဆုံးဖြတ်ခဲ့ပြီး အန်တီကို သန့်ရှင်းရေးပဲလုပ်ခွင့်ပေးသည်။
ထို့ကြောင့် ဖူဟန်မြင်လိုက်ရသည်မှာ စနစ်တကျလုံးဝမရှိဘဲ ရှုတ်ပွနေသော အခန်းဖြစ်သည်။
ဖူဟန် အခန်းထဲ ဝင်လာပြီး ကြမ်းပြင်ပေါ်ရှိ ပီကာချူးအရုပ်ကို ယူကာ ဆိုဖာပေါ်တင်ပေးလိုက်သည်။ ထို့နောက် ဆိုဖာပေါ်မှာ တစ်ဝက်စားပြီးသား အာလူးကြော်ထုပ်ကို တွေ့လိုက်ရသည်။ သူ ထိုဟာကိုလည်း ကောက်ယူလိုက်ပြီး ကော်ဖီစားပွဲငယ်လေးပေါ် တင်ပေးလိုက်၏။ ထို့နောက် ကော်ဖီစားပွဲငယ်လေးပေါ်မှာ အီလက်ထရွန်းနစ်ဓာတ်ပုံဘောင်ကို တွေ့လိုက်ရတယ်။ပထမပုံက ပြတင်းပေါက်နားရှိ ယွီကျစ်ယွီ၏ဆယ်လ်ဖီပုံဖြစ်ပြီး ဘေးတိုက်ရိုက်ထားတဲ့ပုံဖြစ်သည်။ ပြတင်းပေါက်အပြင်ဘက်ရှိ သစ်ကိုင်းပေါ်မှာ ကင်မရာကိုကြည့်နေတဲ့ စာကလေးငှက်ဆီ လက်ညိုးထိုးပြကာ ပျော်ရွှင်စွာပြုံးနေသောပုံပင်။ ဒုတိယပုံကတော့ ယွီကျစ်ယွီက ကြမ်းပြင်ပေါ်မှာထိုင်နေပြီး ကော်ဖီစားပွဲပေါ်တွင် အရသာရှိသောအစားအစာများနှင့် အုပ်စုလိုက်ပုံဖြစ်၏။ တတိယပုံကတော့ နောက်ခံက ကျောင်းမှာပင်။ သူသည် ဦးထုပ်များစွာကိုငှားထားကာ မျက်နှာပေါ်ဖုံးကွယ်ထားပြီး ခပ်မြင့်မြင့်ဝတ်ကာ ဂုဏ်ယူဝင့်ကြွားစွာ လက်မထောင်ပြနေ၏။
YOU ARE READING
ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်
Romance#This is not my own. #Credit to original Author & English Translator. #Fun transalation.