Unicode
သူတို့အောက်ထပ်ဆင်းသွားတော့ အောက်ထပ်ကိုဆင်းလာတဲ့ကားကိုတွေ့လိုက်ရတယ်။ ယွီကျစ်ယွီက သူ့ကိုယ်သူ ဖူဟန်ဟန်၏ လူချိုင်းထောက်အဖြစ် အကူညီပေးလိုက်ပြီး သတိတရရှိစွာ ကားထဲဝင်ရန် ကားတစ်ဖက်ခြမ်းသို့ ပြေးသွားခဲ့၏။
ထို့နောက် ယွီကျစ်ယွီသည် ဖူဟန်နှင့်နှင့် တစ်နေရာကွာဝေးသော ထိုင်ခုံအစွန်းတွင် ထိုင်လိုက်သည်။
ဖူဟန် မျက်မှောင်ကြုတ်လိုက်ကာ "ဒီကိုလာ"
"ဟင့်အင်း"
ယွီကျစ်ယွီ ထိုင်ခုံခါးပတ်ကို ပတ်လိုက်ပြီး ပြတင်းပေါက်အပြင်ကိုကြည့်ဖို့ သူ့ခေါင်းကိုလှည့်လိုက်ရင်း "ကျွန်တော် ရှုခင်း ကြည့်ချင်လို့"အပြင်မှာ ဘာရှုခင်းရှိလို့လဲ? ယွီကျစ်ယွီသည် လူတွေ အပြင်ရှိနေရာတွေကို မကြည့်ပဲ ထောင့်တစ်နေရာတွင် ကျုံ့ဝင်နေသည်ကို ဖူဟန်သတိပြုမိပြီး ထိုညကို တွေးလိုက်မိသည်။
ထိုနေ့ညက သူတို့နမ်းခဲ့တုန်းကလည်း ဒီလိုအနေအထားမှာရှိနေခဲ့တာပင်။
ဖူဟန် အစပိုင်းတွင် သံသယဖြစ်ခဲ့သော်လည်း ယွီကျစ်ယွီ၏ ဒီလိုပုံစံကို မြင်ပြီးနောက် သူဒေါသဖြစ်ရသည့် အကြောင်းရင်းကို ဆုံးဖြတ်ခဲ့သည်။ ယင်းမှာ အမှန်တကယ်ပင် အနမ်းကြောင့်ဖြစ်သည်။ ယွီကျစ်ယွီသည် ထိုအချိန်တွင် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် နောင်တရသွား၏။
ဖူဟန်သည် အကြောင်းအရင်းကို ရှာတွေ့ပြီးနောက် တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်၊ မနေ့က ငါမလုပ်ခဲ့သင့်...."ယွီကျစ်ယွီသည် "မနေ့က" ဟူသော စကားကိုကြားသောအခါ သူ ထိုအနမ်းကို တွေးမိလိုက်သည်။ ဖူဟန် ပြောလာသောအခါတွင် သူ ပိုလို့တောင်ရှက်လာသောကြောင့် အမြန်လှည့်ပြီး ဖူဟန်၏စကားကို နှောင့်ယှက်လိုက်သည်။
"တောင်းပန်စရာမလိုပါဘူး၊ အဲ့တာ ဟန်ဆောင်တာပဲလေ၊ ကျွန်တော်တို့ သဘောတူထားတာပဲ"ဖူဟန်က ဂရုတစိုက်ရှိလှသည်။
ဖူဟန်၏အမူအရာ မြင်ရတာ ယွီကျစ်ယွီအတွက် ရှားရှားပါးပါးဖြစ်သောကြောင့် သူပြုံးလိုက်ကာ "ခင်ဗျားလည်း တောင်းပန်တတ်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး"
YOU ARE READING
ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်
Romance#This is not my own. #Credit to original Author & English Translator. #Fun transalation.