Unicode
ဖူဟန်က သူ့ကို လိုက်ဖို့ အစီအစဥ်မရှိဘဲ ရှန်ကျူးယွင်ကို ကြည့်လိုက်တယ်။
ရှန်ကျူးယွင်က ခြောက်ကပ်စွာ ရယ်လိုက်ပြီး "ဒါဆို သူက ကိတ်မုန့်စားရတာကြိုက်တာလား?"
ဖူဟန်က ဓမ္မဓိဠာန်ကျကျ ပြန်ဖြေလိုက်၏။
"သူ မကြိုက်တာ မရှိဘူး""စားလို့ရတာ ကောင်းလိုက်တာ"
ရှန်ကျူးယွင် ကိုးရိုးကားရားနိုင်စွာ စကားစမြည်ပြောနေခဲ့သည်။
"ငယ်ငယ်ရွယ်ရွယ်နဲ့ကျန်းမာနေချိန်မှာ ဘာမဆို ကိုယ်ကြိုက်တာစားနိုင်တယ်လေ"
ဖူဟန်က ဒီပျင်းစရာကောင်းတဲ့အကြောင်းအရာတွေကို မပြောချင်ဘဲ တိုက်ရိုက်ပင် မေးလိုက်တယ်။
"ရင်းရှောင်ရွီး အန်တီ့ကိုမရှာဘူးလား?""အင်း အန်တီက သူ့ကို မကူညီနိုင်တာကြောင့် သူ့အတွက် တန်ဖိုးမရှိဘူးလေ...သေချာတာပေါ့ အန်တီလည်း သူ့ကို ထပ်ပြီး ဘာမှမပြောချင်တော့ဘူး၊ ဒီမှာလည်ပတ်ပြီးသွားရင်လည်း M Cityကို ပြန်ဖို့ အချိန်တန်ပြီ"
"အန်တီ့မိသားစုက အန်တီ့ကို စောင့်နေတာလား"
ရှန်ကျူးယွင်က လှောင်ရယ်သောအပြုံးတစ်ခုနဲ့ "အန်တီကတစ်ယောက်တည်းနေပြီးတော့ လူတော်တော်များများနဲ့ သိပ်အဆက်အဆံလုပ်တာမဟုတ်ဘူး၊ အန်တီပြန်ချင်တာက အဲ့မှာနေ,နေကျဖြစ်လို့ ဘယ်သူ့အတွက်မှမဟုတ်ဘူး....အဟွတ်"ရှန်ကျူးယွင် ထပ်ချောင်းဆိုးလာပြီး အလျင်အမြန် လက်ဖက်ရည်ခွက်ကိုယူကာ သောက်လိုက်လေတယ်။ လက်ဖက်ရည်က သူမရဲ့ ချောင်းဆိုးခြင်းကို မရပ်တန့်နိုင်ခဲ့ဘူး။ ရှန်ကျူးယွင်သည် ဖူဟန်ကိုပါ မထိခိုက်စေချင်သောကြောင့် ချောင်းဆိုးနေစဥ် တစ်ဖက်ကိုလှည့်ကာ မျက်နှာကိုကာထားပြီး အနည်းငယ်ရှက်သွားခဲ့သည်။
ဖူဟန် မျက်မှောင်ကြုတ်ပြီး "City A က City Mထက် ဆေးအရင်းအမြစ်ပိုကောင်းတယ်၊ အန်တီ ကျွမ်းကျင်သူတစ်ယောက်ယောက်ရှာသင့်တယ်"
ရှန်ကျူးယွင်သည် သူမ၏အပြင်းအထန် ချောင်းဆိုးခြင်းမှ ပြန်သက်သာလာသောအခါ သူမအစား ဖူဟန်ကို အရေးစိုက်ပြီး "ဒါက ရောဂါဟောင်းပါပဲ။ မင်းရော? ခုတလော မင်းရဲ့ကျန်းမာရေးရော ဘယ်လိုလဲ? အပြည့်အဝပြန်ကောင်းလာပြီလား?"
ဖူဟန်သည် ထိုစိုးရိမ်နေသော မျက်လုံးများကို ကြည့်ပြီး သူ့ကလေးဘဝကအကြောင်းကို တွေးမိ၏။
YOU ARE READING
ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်
Romance#This is not my own. #Credit to original Author & English Translator. #Fun transalation.