Ep - 53

1.1K 164 12
                                    


Unicode

မွန်းလွှဲပိုင်း 3:50တွင်၊ ဖူဟန် X ဂိတ်ပေါက်သို့ အချိန်မှီရောက်လာပြီး တစ်ခုခုမှားနေကြောင်းတွေ့လိုက်ရ၏။
"ဘာလို့ လူတွေ ဒီလောက်များနေတာလဲ?''

လော့ခိုင် ရှင်းပြလာသည်။
"ကလပ်က ကျောင်းသားသစ်တွေ စုဆောင်းနေတာလေ။ လမ်းဘေးမှာ ကျောင်းသားတွေအတွက် ဆိုင်ခန်းတွေ ရှိတယ်။ ကားဝင်ဖို့ အဆင်မပြေတဲ့အတွက်ကြောင့် ယွီကျစ်ယွီကိုပဲ တိုက်ရိုက် လာခိုင်းရမယ်"

"ဒါကို surprise လို့ ခေါ်တာလား?"
ဖူဟန်သည် surprise၏ လုပ်ရိုးလုပ်စဥ်ကို နားမလည်သော်လည်း ယွီကျစ်ယွီကို ကိုယ်တိုင်လာခိုင်းပြီးစီးရန်ပြောခြင်းက ကောင်းသောကိစ္စမဟုတ်ကြောင်း သူသိသည်။

"သြော် ဟုတ်တယ်၊ မင်းက surpriseရဲ့ သက်ရောက်မှုအတိုင်း လိုက်လုပ်ရမယ်။ နှစ်လိုဖွယ်အကောင်းဆုံး surprise ကတော့ အတန်းတံခါးပေါက်မှာ မင်းပေါ်လာတာပဲ"

ဖူဟန်က သူ့လက်ပတ်နာရီကို ကြည့်လိုက်ပြီး ဖြစ်နိုင်တယ်ဟု တွေးလိုက်သည်။
"သွားရအောင်"

"မင်း တကယ် လမ်းလျှောက်သွားနေတာလား"
လော့ခိုင် ရှော့ရသွားပြီး "မင်း ခြေထောက်က ခံနိုင်ပါ့မလား? ဝှီးချဲယူသွားရအောင်"

ဖူဟန်က ကားတံခါးကိုဖွင့်ပြီး ကားထဲမှထွက်လိုက်သည်။
"ဟင့်အင်း၊ ငါ အဆင်ပြေတယ်"

လော့ခိုင်က ကမန်းကတန်း လိုက်ခဲ့ပေမဲ့ မကြာခင်မှာ သူ့နောက်ကို လိုက်ဖို့ ရုန်းကန်နေရကြောင်း တွေ့လိုက်ရတယ် - သူ Gymကို မရောက်တာ ကြာပြီ၊ ဒါပေမယ့် ဖူဟန်က ဆေးရုံမှာ နေ့တိုင်း လေ့ကျင့်ခန်း လုပ်တယ်။ သူ မြန်မြန် ပြေးခဲ့တယ်၊ အကြာကြီး လမ်းလျှောက်ခဲ့တယ်။ သူ့ခြေထောက်များကလည်း ရှည်လျားပြီး ခြေလှမ်းကလည်းကျဲနေမှတော့။

စာသင်ဆောင်ရှေ့ကိုရောက်တော့ ဖူဟန် တည်ငြိမ်သွားလေသည်။ လော့ခိုင် အသက်ရူထုတ်လိုက်ပြီး "စောင့်ဦး၊စောင့်ဦး၊ ယွီကျစ်ယွီရဲ့ စာသင်ခန်းက ဘယ်အထပ်မှာရှိတာလဲဆိုတာ ကြည့်ပါရစေဦး"

"804"

"ဟုတ်တယ်"
လော့ခိုင် ခေါင်းညိတ်လိုက်ပြီး တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရတယ်။
"ဒါကို မင်းက ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်း မှတ်မိနေတာလဲ? မင်း သူ့ကို လာမကြိုတာကြာပြီ မဟုတ်လား?"

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now