Unicode
ယွီကျစ်ယွီက စောင့်ကြည့်နေခဲ့ပြီး တံခါးပိတ်သံကြားတော့ တုန်တုန်ယင်ယင်နဲ့ သူ့အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ပြီး အပြင်ဘက်ရှိအခြေအနေကို ချောင်းကြည့်ရန် တံခါးဆီ ခြေဖျားထောက်၍သွားလိုက်သည်။
လော့ခိုင်သည် ထမင်းစားခန်းသို့ ရောက်နေပြီးဖြစ်ပြီး ရှန်ကျူးယွင်ကို အဝေးသို့ ဖိတ်ခေါ်လိုက်သည်။ သူ၏ သဘောထားသည် ယဉ်ကျေးသော်လည်း သူ ရှန်ကျူးယွင်ကို မှတ်မိလို့ပဲလား၊ ဒါမှမဟုတ် သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကို တိုက်ခိုက်ဖို့မထိုက်တန်ဘူးဟု ခံစားရလို့ပဲလား သူ(YZY)မသိပေ။
ကြမ်းတမ်းမနေစမ်းပါနဲ့။ ယွီကျစ်ယွီ အသက်ပြင်းတစ်ချက်ချကာ ပြန်ထိုင်လိုက်ပြီး ဖူဟန်ဆီ အစမ်းသဘောနဲ့ မက်ဆေ့ချ်ပို့လိုက်သည်။
>>လောင်ကုန်း၊ ခင်ဗျား ဘာလုပ်နေလဲ>>ဖူဟန်က ပြန်မဖြေပေ။
ယွီကျစ်ယွီ 10 မိနစ်လောက်စောင့်ပြီးနောက် နောက်ထပ်စာကြောင်း ထပ်ပို့လိုက်သည်။
>> ခင်ဗျား ရုပ်ရှင် တူတူကြည့်ချင်လား? ကျွန်တော် သရဲကားကြည့်ချင်လို့ တစ်ယောက်တည်း ကြည့်ရမှာကြောက်လို့ >>ဖူဟန်က ဒီတစ်ကြိမ်တွင် ပြန်ပြောလာသည်။
>>မင်းပြန်သွားလို့ရပြီ>>နှင်ထုတ်ခံရတယ်။ ယွီကျစ်ယွီ သက်ပြင်းချလိုက်ပြီး ဖုန်းကိုထားလိုက်သည်။ သူ အခန်းတစ်ဖက်သို့ လျှောက်သွားပြီး တံခါးခေါက်လိုက်ကာ တံခါးအပြင်ဘက်ကနေ ဖူဟန်ကို စကားအချို့ပြောလိုက်သည်။
"လောင်ကုန်း ကျွန်တော်ပြန်တော့မယ်....ဒီည ကျွန်တော် အိမ်စာလုပ်စရာမရှိဘူး၊ ကျွန်တော်အတန်းဖော်တွေနဲ့လည်း ဂိမ်းမဆော့ဘူး၊ တစ်ခုခုလိုအပ်ရင် ခင်ဗျား ကျွန်တော့်ကို ခေါ်လို့ရတယ်နော်"အခန်းထဲမှာ ပဲ့တင်သံတောင်မရှိပေ။
မျှော်လင့်ထားတဲ့အတိုင်းပဲဟု ယွီကျစ်ယွီတွေးလိုက်ပြီး တိတ်ဆိတ်စွာ ထွက်သွားခဲ့သည်။ အိမ်ပြန်ရောက်ချိန်မှာတောင် သူ စိတ်မလျော့သွားခဲ့ဘူး။ ဖုန်းကိုပဲ ငေးကြည့်နေရင်း မက်ဆေ့ချ်လွတ်သွားမှာစိုးသောကြောင့် အချိန်တိုင်း Wechatကို refresh လုပ်နေခဲ့သည်။
YOU ARE READING
ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်
Romance#This is not my own. #Credit to original Author & English Translator. #Fun transalation.