Unicode
ယွီကျစ်ယွီ နှင့် ဖူဟန်တို့သည် ပထမထပ်တွင် တိုက်ခန်းနှစ်ခန်းပါသည့် ဇိမ်ခံတိုက်ခန်းတစ်ခုတွင် နေထိုင်လျက်ရှိသည်။ တိုက်ခန်းကြီးသည် နှစ်ထပ်ဖြစ်ပြီး အတတ်အဆင်းရှစ်ခန်းရှိသည်။ တိုက်ခန်းငယ်သည် အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းနှစ်ခန်းပါရှိသည်။ ကျန်တဲ့နေရာတွေကို အပန်းဖြေဖို့နေရာအဖြစ်သတ်မှတ်ထားပြီး ရေကူးကန်နှင့် ပါတီပွဲများကျင်းပနိုင်ရန် ဥယျာဥ်တစ်ခုလည်းပါရှိသေး၏။
ဖူဟန်က တရားဝင်ပြောင်းလာပြီး ရိုးရှင်းတဲ့ အိမ်တတ်ညစာစားပွဲတစ်ခု ကျင်းပချင်ခဲ့တယ်။ တစ်ခုက ဆေးရုံက ဆင်းခွင့်ရတာကို ဂုဏ်ပြုဖို့ဖြစ်ပြီး နောက်တစ်ခုကတော့ ဒီရက်ပိုင်းအတွင်း သက်တော်စောင့်တွေက အရမ်းကြိုးစားခဲ့ရတယ်လို့ ခံစားမိတဲ့အတွက် သူတို့ကို ဆုချပေးဖို့အတွက်ပင်။
ယွီကျစ်ယွီသည် ရိုလာစကိတ်ကလပ်တွင် လျှို့ဝှက်စွာပါဝင်ခဲ့သောကြောင့် သက်တော်စောင့်များက သူ့ကို ရှာဖွေရန် ရုန်းကန်ခဲ့ရသဖြင့် ဤပွဲသည် တောင်းပန်ခြင်း၏ အဓိပ္ပါယ်ကို တိုးစေပြီး ဟင်းအမယ်များစွာကို ထည့်သွင်းခဲ့၏။
ယွီကျစ်ယွီတစ်ယောက် ဟင်းအမယ်များစွာကို မြင်သောအခါ ပျော်ရွှင်သွားပြီး "ဝိုး၊ ဒါ ကျွန်တော်စားဖူးသမျှ ဘူဖေးတွေထဲမှာ အခမ်းနားဆုံး ဘူဖေးပဲ!"
ဖူဟန်က မျက်မှောင်ကြုတ်ကာ "မင်းအရင်က တကယ်ခက်ခဲခဲ့တာလား"
ယွီကျစ်ယွီက စိတ်ကောင်းဝင်နေပြီး ဖူဟန်ရဲ့နောက်သံယောင်လိုက်ရုံသာမက သက်တံ့အီးပါပေါက်ခဲ့သေး၏။
"ဟုတ်တယ်၊ ဖူရွင်းက ကောင်းတဲ့လူမဟုတ်ဘူး၊ သူ့မိသားစုရဲ့အစားအစာကို စားတာက ဘေးဥပဒ်တစ်ခုပဲ။ Wonderlandမှာ ဆို ဘာမဆိုစားနိုင်ပြီး စိတ်ဝိညာဥ်စွမ်းအားတွေ ခုန်တတ်ဖို့ ခွန်အားတွေ လုံလုံလောက်လောက် ရှိတယ်လို့ ခံစားရတယ်လေ၊ အာ..ဒါက အချစ်ရဲ့စွမ်းအားပဲ!"ဖူဟန်ရဲ့ မျက်ခုံးတွေက ပိုလို့တောင် တွန့်တွန့်လာလေတယ် - စကားပြောတတ်ဖို့ မင်းဘယ်မှာ သင်ယူခဲ့တာလဲ။ တကယ်ကို ဖွဲ့နွဲ့လွန်းတာပဲ။

YOU ARE READING
ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်
Romance#This is not my own. #Credit to original Author & English Translator. #Fun transalation.