Unicodeယွီကျစ်ယွီ အောက်သို့ ငုံ့ကြည့်လိုက်ပြီး ဖူဟန်ရဲ့ခြေထောက်တွေကို သတိထားမိသွားသည်။
"ခင်ဗျားဘယ်လိုခံစားရလဲ? ခြေထောက်တွေကသက်သာသွားပြီလား? လမ်းလျှောက်တဲ့အခါနာလား?"
"ကောင်းတယ်..ကောင်းလုနီးပါးပဲ..မနာဘူး"
ဖူဟန်က တစ်ခုချင်းဆီ ပြန်ဖြေပေးလာသည်။ဖူဟန် အရမ်းစိတ်ရှည်နေတယ်ဆိုတာ ယွီကျစ်ယွီ မြင်လိုက်ရပြီး မေးခွန်းတစ်ခုထပ်မေးလိုက်သည်။
"ဒါဆို အခုလေးတင် ဘီးတပ်ကုလားထိုင်ကို ဘာလို့သုံးခဲ့တာလဲ"
"ပြေးရတာ အဆင်မပြေလို့"
"အို့"
ဖူဟန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ထပ်ဖြည့်ပြောလာတယ်။
"ဘီးတပ်ကုလားထိုင်က ရင်းရှောင်းရွီးရဲ့ သတိရှိမှုကို လျှော့ပေးနိုင်တယ်""ဟုတ်တယ်၊ ခင်ဗျား ဘီးတပ်ကုလားထိုင်မသုံးရင် ရင်းရှောင်ရွီးက ခင်ဗျားကို သူ့အနားပေးကပ်မှာမဟုတ်ဘူး....ဝိုးး..လောင်ကုန်း ခင်ဗျားက အံ့သြဖို့ကောင်းတာပဲ၊ ခင်ဗျားကအားလုံးကို ကြိုတွေးထားတာပဲ၊ ကျွန်တော့်ကိုကယ်ပေးလို့ကျေးဇူးပါ၊ ကျွန်တော့်ကိုကူပြီး လက်စားချေပေးလို့လည်း ကျေးဇူးတင်ပါတယ်"
ယွီကျစ်ယွီက သူ့လောင်ကုန်းကို တစ်လုံးချင်းစီ ကျေးဇူးတင်စကားဆိုကာ နှစ်သက်သဘောကျမှုကို မြှင့်တင်ခဲ့သည်။
တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်တာ လေးရက်ရှိပြီ၊ ဒီအခွင့်အရေးကို ဘယ်လိုနည်းနဲ့ သူ စွန့်လွှတ်နိုင်မလဲ။
သူ အားလုံးဟန်ဆောင်နေတာမဟုတ်ဘူး။ ဖူဟန် အချိန်မှီပေါ်လာတာကို သူတကယ်ပဲကျေးဇူးတင်မိ၏။
ဖူဟန် ရင်းရှောင်ရွီးကို သင်ခန်းစာပေးပြီးနောက်၊ ဖူဟန်ကို ဘယ်လောက်တောင် ယုံကြည်အားထားပြုနိုင်သလဲ နှင့် သူနှင့် မည်မျှ ခက်ခက်ခဲခဲ ဆက်ဆံရပုံကို လေးနက်စွာ နားလည်ခဲ့သည်။
နိုးကြားမှုလျှော့အောင် ဘီးတပ်ကုလားထိုင်ကို အသုံးပြုခဲ့ပြီး လှုပ်ရှားမှုတစ်ချက်တည်းဖြင့် ရန်သူကိုအနိုင်ယူလိုက်သည်။ ထို့နောက် ရင်းရှောင်ရွီး ရဲမခေါ်ရဲအောင်လည်း အေးအေးဆေးဆေးပြန်ပြောခဲ့သည်။ ဖူဟန်က ရင်းရှောင်းရွီးကို မည်သည့်နေရာမှာ မြှပ်နှံရမည်ကိုပင် တွေးကောင်းတွေးထားနိုင်ပေလိမ့်မည်။
YOU ARE READING
ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်
Romance#This is not my own. #Credit to original Author & English Translator. #Fun transalation.