Ep - 56

894 129 1
                                    

Unicode

ကားက တိုက်ခန်းရှိ ကားပါကင်မှာ ရပ်သွားတယ်။

ဖူဟန်သည် ကားပေါ်မှ ဦးစွာ ဆင်းလာပြီး သူ၏ လှုပ်ရှားမှုများသည် သေသပ်ပြီး ပြတ်သား၏။

ယွီကျစ်ယွီ သူ့ကိုယ်သူ အားကိုးရန်သာတတ်နိုင်ပြီး ဆေးရုံကား၏သတ္ထုလက်ကိုင်ကို ကိုင်ထားရင်း မြေပြင်ပေါ်သို့ ဖြေးညှင်းစွာ ရွေ့လျားသွားလိုက်သည်။ သူ ခိုင်မြဲစွာ ရပ်နိုင်သည်နှင့် အသက်မရှုနိုင်မီ လေထဲသို့ ပျံတက်သွားသည့် ခံစားချက်ကြောင့် လန့်ဖျပ်သွားရသည်။

ဖူဟန်က သူ့ကို အလျားလိုက် ကောက်ပွေ့လိုက်တာပင်။

ယွီကျစ်ယွီ ကြောက်သွားပြီး ဖူဟန်၏လည်ပင်းကို အမြန်ဖက်လိုက်ပြီး "ugh..."

[T/N - ဘယ်လိုရေးရမလဲမသိလို့ Eလိုပဲရေးလိုက်တာရယ်။ စိတ်အနှောက်အယှက်ဖြစ်တာတို့ ဒေါသထွက်တာတို့ကိုဖော်ပြချရင် အဲ့ughကိုသုံးတာပါ၊ မြန်မာလိုဆို အာ့ဟ်ား အဲ့လိုမျိုးလေးပဲ သုံးနေကြရယ် မရေးတတ်လို့😑]

ဖူဟန်က ထိုအသံကြားတဲ့အခါ ရယ်မောလိုက်သည် ။

ညှို့ဓာတ်ပါသော ခပ်နိမ့်နိမ့်အသံသည် အလွယ်တကူ လက်လှမ်းမီနိုင်သောကြောင့် တုန်ခါမှုကို ဖြစ်စေသည်။

ထိုအသံက လေထဲမှတဆင့် သူ့နားထဲရောက်လာတာလား၊ ဒါမှမဟုတ် နီးကပ်နေသော ခန္ဓာကိုယ်မှလာတာလားဆိုတာ ယွီကျစ်ယွီ ခဏတာမျှ မပြောနိုင်တော့ပေ။ သူ့ရဲ့ဝမ်းနည်းနေမှုကိုမေ့သွားကာ ဖူဟန်၏ ပြုံးနေသော နှုတ်ခမ်းများကိုကြည့်ရင်း "ခင်ဗျား တကယ်ကြီး ဒီနေရာမှာ မင်းသမီးပွေ့နည်းလုပ်နေတာလား?....ဒါက မလိုအပ်ပါဘူး..."

ဖူဟန်က သူ့ကို လျစ်လျူရှုပြီး ဓာတ်လှေကားဆီကိုသာ တိုက်ရိုက် လျှောက်သွားတယ်။

ယွီကျစ်ယွီတစ်ယောက် အေးခဲသွားပြီး မလှုပ်ရှားဝံ့တော့ပေ။ သူလှုပ်မိပါက ဖူဟန်ကို ပိုပြီးဝန်လေးစေမိမှာ စိုးရွံ့သောကြောင့်ပင်။ သူတို့ တစ်ယောက်နဲ့တစ်ယောက် အရမ်းနီးကပ်လွန်းတယ်လို့လည်း ခံစားမိတယ်။သူ ဖူဟန်၏ လျင်မြန်သော အသက်ရှုသံကို မကြားချင်တော့တဲ့အတွက် အံကြိတ်ကာ တိုးတိုးလေးပြောလိုက်သည်။

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now