Ep - 48

1.3K 208 7
                                    


Unicode

သူတို့ ထိတ်လန့်တုန်လှုပ်သွားတဲ့အခါ ဖူဟန် လှေကားထစ်ဆီသို့ လမ်းလျှောက်လာပြီး ကျယ်လောင်စွာပြောလာသည်။
"အစ်ကိုကြီး၊ မင်း ငါ့ကိုမကြိုဆိုဘူးလား"

ငြိမ်းချမ်းရေးအတုက သူ့မျက်နှာကိုခွာချလိုက်တာထက်စာရင် ပိုကောင်းတယ်ဟု ဖူရွင်းတွေးလိုက်သည်။

ဒါက ပြီးခဲ့တဲ့အကြိမ် သူ့သားစေ့စပ်ပွဲကနေထွက်ပြေးသွားတာလောက်အောင် ရှက်စရာကောင်းပေမဲ့ ဒီအချိန်မှာ သူတလွဲတချော်လုပ်လို့မဖြစ်ပေ။ 
 
ဖူရွင်းသည် သူ့မကျေနပ်မှုကို သည်းခံကာ အောက်သို့ဆင်းလာပြီး မျက်စိကျစရာမကောင်းတဲ့အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်သည်။
"မင်းလာရင် ကြိုဆိုတာပေါ့၊ ဒါနဲ့ သက်တော်စောင့်တွေအများကြီးနဲ့ မင်းဘာလုပ်နေတာလဲ?"

ဖူဟန်က တစခစ်ခစ်ရယ်လိုက်ပြီး "မတတ်နိုင်ဘူးလေ၊ ငါ့ကို အန္တရာယ်ပေးချင်နေတဲ့သူက အမှောင်ထဲမှာကိုး"

"မင်းက သူ့ကို ကြောက်နေတာလား?"

"မကြောက်ပါဘူး၊ ရွံရှာနေရုံပဲ၊ သူက ရေမြောင်းထဲကကြွက်စုတ်လိုပဲလေ၊ သူ့ကိုဖယ်ရှားချင်ပေမဲ့ ငါ့လက်ညစ်ပတ်သွားမှာကိုလည်းကြောက်တယ်၊ ဒါကြောင့် ငါ ပိုက်ဆံနည်းနည်းသုံးပြီး သက်တောင်စောင့်တွေကို ကိုင်သွယ်ခွင့်ပေးဖို့ပဲ တတ်နိုင်တယ်"
 
ဖူရွင်းက ဆူပူကြိမ်းမောင်းချင်ပေမယ့်လည်း သူပြုံးရုံသာ။

"မင်း..."

သို့သော်လည်း ဖူဟန်က တခြားသူတွေကို ကြည့်လိုက်ပြီး အကြောင်းအရာကိုပြောင်းလိုက်တယ်။
"မစ္စတာလင်း၊ မတွေ့ရတာ ကြာပြီ"

"ဟုတ်တယ်"
မစ္စတာလင်းက ရက်ရက်ရောရော လက်ဆွဲနှုတ်ဆက်ပြီး "ငါ အမြဲတမ်း မင်းကိုတွေ့ချင်ခဲ့ပေမယ့် မင်းအစ်ကိုကြီးပြောတာက...."

ဖူရွင်းတစ်ယောက် မစ္စတာလင်းက သူ့အကြောင်း မကောင်းပြောမှာကို စိုးရွံ့နေသောကြောင့် သူ ရုတ်ချည်း ဝင်နှောင့်ယှက်လိုက်လေသည်။
"မင်းတို့တွေ့တဲ့အခါ စကားကောင်းကောင်းပြောကြလေ၊ မစ္စတာလင်း ဟိုမှာထိုင်ခုံရှိတယ်၊ လာ ၊ အဲ့မှာ သွားထိုင်ကြရအောင်"

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now