Ep - 41

1.3K 211 13
                                    


Unicode

အခန်း (၂၁) ရှုခင်း

ယွီကျစ်ယွီ၏နဖူးတွင် အတွင်းကြေဒဏ်ရာတစ်ခု ရှိပေမယ့် ပြီးခဲ့တဲ့အကြိမ်က လည်ပင်းပေါ်က ဒဏ်ရာလောက်တော့မပြင်းထန်ပေ။ ဆေးနှစ်ရက်ကြာ လိမ်းခြင်းဖြင့် ပျောက်ကင်းနိုင်သည်။ တနင်္လာနေ့မှာ သူ စောစောထပြီး ထုံးစံအတိုင်း ကျောင်းတက်ဖို့ ကြံစည်ထားတယ်။ ဒဏ်ရာက အရမ်းမသိသာဘဲ ဆံပင်နဲ့ဖုံးထားလိုက်ရင်အဆင်ပြေတယ်။

ဖူဟန်လည်း စောစောထပြီး ကော်ဖီသောက်ရန် စားသောက်ခန်းမှာရှိနေခဲ့သည်။

ယွီကျစ်ယွီ သူ့ဘေးမှာ ပျော်ရွင်စွာဝင်ထိုင်လိုက်ပြီး..
"မောနင်း လောင်ကုန်း! ခင်ဗျား မနက်စာစားပြီးပြီလား? ဗိုက်ဟောင်းလောင်းနဲ့ ကော်ဖီသောက်တာမကောင်းဘူးနော်"

"စား"
ဖူဟန် သူ့ကိုကြည့်ဖို့လှည့်လာပြီး  သူ့မျက်လုံးတွေက ယွီကျစ်ယွီရဲ့နဖူးပေါ်ကျရောက်လာသည်။

ယွီကျစ်ယွီက လက်ဦးမှုယူကာ ပြောလိုက်သည်။
"ကျွန်တော် ဆေးလိမ်းထားတယ်၊ ကျွန်တော့်လက်ချောင်းထိပ်တွေမှာ အခုထိ ပူဒီနာလိမ်းဆေးအနံရနေသေးတယ်၊ အဲ့ဒါကအေးအေးလေးနဲ့"

ဖူဟန်က သူ့လက်ချောင်းတွေကို ဂရုမစိုက်ဘဲ ဒဏ်ရာကိုသာ တည့်တည့်ထိကြည့်လာလေတယ်။

ယွီကျစ်ယွီကို နာကျင်စေမိမှာစိုးသည့်အတွက် သူ့လှုပ်ရှားမှုတွေက အရမ်းကိုဂရုတစိုက်ရှိလှသည်။

ယွီကျစ်ယွီသည် နည်းနည်း အမြတ်တနိုးရှိတယ်ဟု ခံစားလိုက်ရပြီး နက်နက်ရှိုင်းရှိုင်း ထိမိသွားကာ "လောင်ကုန်း ခင်ဗျားက အရမ်းကြင်နာတာပဲ၊ ခင်ဗျား ကျွန်တော့်အတွက် အရမ်းစိုးရိမ်ပေးတယ်"

ဖူဟန်က သူ့လက်ကို ဖယ်လိုက်ပြီး သူ့လက်ချောင်းထိပ်တွေကို ကြည့်ကာ "အရောင်မမှိန်သွားဘူးပဲ"

"......."

လတ်စသတ်တော့ လှည့်စားခံရမှာစိုးလို့ပင်။

ယွီကျစ်ယွီဟာ သူအရင်လှည့်စားခဲ့တဲ့အကြောင်းတွေးလိုက်ပြီး ဆုံးရူံးမှုကမျှတတာကြောင့် သူနာခံစွာပြောလိုက်တယ်။
"ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် ခင်ဗျားကိုထပ်မလိမ်တော့ပါဘူး"

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now