Unicode
အခန်း ၂၇ ညတွင်းချင်း
ဖူဟန် လျင်မြန်စွာ သဘောတူလိုက်မယ်လို့ ယွီကျစ်ယွီ မမျှော်လင့်ထားမိဘူး။
သို့သော် ယွီကျစ်ယွီသည် အနာဂတ်ရှိ သူ့လွတ်လပ်သောဘဝကိုတွေးလိုက်ပြီး ထိုအရာကို သိပ်ဂရုမစိုက်တော့ပေ။
"ရှဲရှဲ လောင်ကုန်း! ကျွန်တော် အခုပဲပြောင်းလာလိုက်မယ်!"
ယွီကျစ်ယွီက အမြန်ပြန်သွားချင်ပေမယ့် လမ်းတစ်ဝက်မှာတင့် သူ့ကော်လာဖမ်းဆွဲခံလိုက်ရတယ်။
ဖူဟန်က သူ့ကို နောက်သို့ပြန်ဆွဲထားလိုက်ပြီး "အန်တီ့ကို အရင်ပြောလိုက်ဦး"
ယွီကျစ်ယွီ အနည်းငယ် ငြိမ်သက်သွားပြီး "ဟုတ်တယ်၊ ကျွန်တော် ရုတ်တရက်ကြီး ပြောင်းလိုက်ရင် အန်တီက သူမကို ကျွန်တော်မကြိုက်လို့ ပြောင်းတာလို့ထင်သွားလိမ့်မယ်။ ကျွန်တော်နားလည်ပြီ။ ခင်ဗျားခနစောင့် ကျွန်တော်သွားပြောလိုက်ဦးမယ်"
ယွီကျစ်ယွီတစ်ယောက် ဆန့်ကျင်ဘက် အခန်းဆီ ပြန်ပြေးသွားလိုက်ပြီး ရှန်ကျူးယွင် လက်ရေးလှလေ့ကျင့်နေတာကို တွေ့လိုက်ရသည်။
သူ ရှေ့ကိုတိုးလာပြီး ရှန်ကျူးယွင်ရေးထားတဲ့စာကိုမဖတ်ရခင်မှာပဲ သက်တံ့အီးပေါက်တော့သည်။
"ဝိုး..ဘယ်လိုတောင် အံ့သြစရာကောင်းတဲ့စာလုံးလဲ! လုံးဝဆုံးရှုံးခြင်းမရှိတဲ့ သူ့ရဲ့ခွန်အားကိုကြည့်လိုက်၊ သူ့ရဲ့ကိုယ်ဟန်အနေအထားကလည်း ချဲ့ကားပြီးပြောနေတာမဟုတ်ဘူးနော်။ စုတ်ချက်တစ်ခုစီတိုင်းက တိမ်လွှာတွေကိုဖြတ်ကျော်ပြီး အနုပညာလက်ရာတွေစီးဆင်းနေတယ် အန်တီ ခင်ဗျားက အရမ်းအံ့သြစရာကောင်းတာပဲဗျာ"ရှန်ကျူးယွင်က ပြုံးပြီး "မင်းက ကဗျာကို ချီးကျုးဖူးတာလား"
ယွီကျစ်ယွီက ရိုးရိုးသားသားပဲ "ဒါကို ကျွန်တော် TVထဲကနေသင်ယူခဲ့တာ၊ အဲ့တာကိုကြည့်နေတဲ့အချိန်တုန်းက နားမလည်လိုက်ဘူး။ ဒါပေမယ့် အန်တီ့ရဲ့ စကားလုံးတွေမြင်လိုက်တာနဲ့ အဲ့ဒီဆိုလိုချက်ကို ချက်ချင်းသဘောပေါက်သွားတယ်။ အန်တီက အရမ်းမိုက်တာပဲ"
![](https://img.wattpad.com/cover/360692344-288-k481147.jpg)
YOU ARE READING
ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်
Romance#This is not my own. #Credit to original Author & English Translator. #Fun transalation.