Unicode
ယွီကျစ်ယွီက လိုက်ချင်သော်လည်း မလိုက်ခင် သက်တော်စောင့်ကို တစ်ချက်ကြည့်လိုက်သည်။ ကံမကောင်းစွာပဲ၊ စာသင်ခန်းထဲက အပြေးအလွှားထွက်လာတဲ့ ကျိချီကွမ်းက သက်တော်စောင့်ကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်။ သူ(သက်တော်စောင့်)မည်သူဆိုတာကို တိုက်ရိုက်ဖော်ပြဖို့ အဆင်မပြေသောကြောင့် သူ့ကိုသာ အသည်းအသန်မျက်မှိတ်ပြလာခဲ့သည်။
ယွီကျစ်ယွီ လူအနည်းငယ်ရှိနေတဲ့လှေကားခွင်ကိုကြည့်လိုက်ကာ မိုက်မိုက်ကန်းကန်း မလိုက်ဝံ့ပေ။
သို့ပေမဲ့ သူက နည်းနည်း မကျေမနပ်ဖြစ်နေသေးကာ ပြေးဆင်းနေတဲ့ဖူလီဖန်ကို ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။
"မင်းပြေးတာအရမ်းမြန်တာပဲ! မင်း လက်ထပ်ပွဲကနေ ထွက်ပြေးဖို့ ထရိန်နင်ဆင်းနေတာလား?"ဖူလီဖန်သည် ချက်ချင်းပင် သူ့ဘယ်ခြေလှမ်းတစ်ထစ်ချော်သွားကာ ညာခြေပါယိမ်းယိုင်သွားခဲ့သည်။ မကျေမချမ်းမှုများပြည့်နှက်နေသောမျက်နှာနှင့်အတူ သူ့ကိုမော့ကြည့်လာခဲ့သည်။
ယွီကျစ်ယွီ သူ့ လက်ခလယ်ကို မြှောက်ပြလိုက်သည်။
ဖူလီဖန် ခဏလောက် အံ့သြသွားပြီးနောက် သူ့ခေါင်းကိုခါယမ်းလာသည်။
"အသုံးမဝင်ဘူး၊ ငါ့အာရုံကို ဆွဲဆောင်နေတာကိုရပ်လိုက်တော့"ယွီကျစ်ယွီ မျက်လုံးလှိမ့်လိုက်ကာ ကတ်ကို ကောက်ကိုင်လိုက်ပြီး အရင်ထွက်သွားခဲ့သည်။
ထိုကတ်သည် မူလပိုင်ရှင်၏အမည်ရင်းဖြင့် ဖွင့်ထားသောကတ် အမှန်တကယ်ဖြစ်ပါက၊ ၎င်းကို ဒီနေရာတွင် ပစ်ချပါက ပြဿနာဖြစ်နိုင်သည်။ သူယူလိုက်ပြီး ငွေကို ဖူလီဖန်ရဲ့အကောင့်သို့ ပြန်လွှဲလိုက်ကာ ကတ်ကို ဖျက်သိမ်းလိုက်သည် ။
မူလပိုင်ရှင်၏အရေးကြီးတဲ့ပစ္စည်းများရှိသော စာကြည့်ခန်းနှင့် ပတ်သက်ပြီးတော့..
ယွီကျစ်ယွီသည် ဖူရွင်းအိမ်သို့သွားရန် ဖူဟန်နှင့်ဆွေးနွေးရန်အစီစဥ်ဆွဲလိုက်သည်။
ညနေပိုင်းတွင် ယွီကျစ်ယွီနှင့် ဖူဟန်တို့ ညစာအတူစားကြသည်။
YOU ARE READING
ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်
Romance#This is not my own. #Credit to original Author & English Translator. #Fun transalation.