Ep - 45

1.2K 194 8
                                    

Unicode

အခန်း (၂၃) အနမ်း

ဖူဟန် ပွဲသို့သွားမယ်ဆိုတာကို ယွီကျစ်ယွီသိလိုက်ရတော့ သူနေရာမှာတင် ​ရယ်မောလုနီးပါးပင်။

ကောင်းလိုက်တာ၊ သူကတော့ သူ့ကို ဘယ်လို ဆွဲဆောင်ရမလဲ ဆိုတာကို စိတ်ပူသွားသည်။

ယွီကျစ်ယွီသည် သူ့ရဲ့ရယ်မောခြင်းကို ထိန်းထားနိုင်သော်လည်း သူ့ရဲ့ စိတ်လှုပ်ရှားမှုကိုတော့ ဖုံးကွယ်မထားနိုင်ပေ။ သူ ဖူဟန်ရှာတွေ့သွားမှာကို  ကြောက်လို့ ရုန်းကန်နေတာကို ရပ်လိုက်ပြီး ဖူဟန်မြင်ရတာ သဘောကျနိုင်တဲ့ စိတ်လှုပ်ရှားမှုတစ်ခုသို့အမြန်ပြောင်းလဲလိုက်သည်။
"ကောင်းပြီ! ခင်ဗျားသွားချင်ရင် ကျွန်တော်လိုက်ခဲ့မယ်~"

ဖူဟန်က ချော့ဖို့အဲ့လောက်မလွယ်ကူဘဲ အမူအရာမဲ့စွာဖြင့်ပြောလာလေသည်။
"စား"

ယွီကျစ်ယွီက အနည်းငယ် အကျင့်ပါသွားတဲ့အတွက် နာခံစွာ သူ့တူချောင်းတွေကို ကောက်ကိုင်လိုက်ပြီး ပန်းကန်လုံးထဲကို ဖူဟန်ထည့်ထားပေးတဲ့ ဟင်းများစွာကို စားလိုက်သည်။

ဖူဟန်က သူ့ကို မကြည့်တော့ပဲ သူ့ဖုန်းကိုပဲ ဆက်ကြည့်လိုက်၏။

ခဏအကြာတွင် စားသောက်ခန်းတံခါးက ရုတ်တရက် ပြင်းထန်စွာပွင့်လာသည်။

လော့ခိုင်က အရမ်းစိတ်လှုပ်ရှားနေတာကြောင့် တံခါးဝကို ဝင်လိုက်တာနဲ့ ဖူဟန်ကို အော်ပြောလာတယ်။

"အဲ့ဒါ ဖူရွင်းရဲ့အိမ်နော်! မင်းသွားချင်တာ သေချာလား!?"

"ဟုတ်တယ်"
ဖူဟန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး "ဒါကြောင့်ပဲ ငါ မင်းနဲ့ ဆွေးနွေးတာ"

လော့ခိုင် အမောတကာပြောလာပြီးနောက် သူ့အမူအရာသည် ပို၍ရုပ်ဆိုးလာပြီး ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထား၏။

ဒါက ရန်ဖြစ်တော့မှာလား? ယွီကျစ်ယွီက သူတို့ အငြင်းပွားမှာကိုကြောက်တဲ့အတွက် ထိုင်ခုံကိုဆွဲယူလိုက်ကာ ပြောလိုက်သည်။
"လော့ခိုင်..စိတ်လှုပ်မရှားပါနဲ့၊ ထိုင်ပြီးဖြေးဖြေးချင်းပြောကြလေ"

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now