Unicode
အခန်း (၁၇) မွေးနေ့
တစ်ရက်လောက်နေပြီးနောက် ယွီကျစ်ယွီ သည် အာ့လျန်နှင့်အကျွမ်းတဝင်ရှိလာခဲ့တယ်။
သူက ဓါတ်ပုံလှလှလေးတွေရိုက်ဖို့ ကူညီပေးခဲ့တယ်။ နည်းပြက ကြိုပြီးလူစုချင်တဲ့အခါ "နည်းပြက ငါ့ကို သီချင်းဆိုတာမှတ်တမ်းတင်ခိုင်းတယ်"လို့ ပြောပြီး ကျောင်းသားတွေကို သက်တောင့်သက်သာထိုင်စေပြီး သီချင်းဆိုလေ့ကျင့်စေတယ်။ ဓာတ်ပုံရိုက်ဖို့အတွက် သစ်ပင်အရိပ်မှာပဲ သူပုန်းနေမှာမဟုတ်ပေ။ ပြီးတော့ သူတို့နဲ့ လေပေါတဲ့ဝါသနာချင်းလည်းတူကြသည်လေ။
သူတို့ အရင်းနှီးဆုံးအရာက ဂိမ်းအတူတူဆော့တာပဲ။ တိုက်ဆိုင်စွာပင်၊ သူနှင့်အတူကစားသော အတန်းဖော်များအားလုံးသည် အိပ်ဆောင် 303 တွင် ရှိနေကြသည်။ အချင်းချင်း ရင်းနှီးလာသောအခါတွင် သူတို့က သူ့ကို အိပ်ဆောင်ဆီလာလည်ဖို့တောင်ဖိတ်ခဲ့၏။
အိပ်ဆောင်က သူတို့ကိုယ်ပိုင်ဖြစ်သည်။ တံခါးပိတ်လိုက်တာနဲ့ ဘာမဆို ပြောလို့ရတယ်။
မြောင်ဟန်က ယာယီအိပ်ဆောင်ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်သောကြောင့် သူအရင်ဆုံးပြောလာခဲ့တယ်။
"ယွီကျစ်ယွီ ဖျော်ဖြေပွဲပြီးရင် ငါတို့နဲ့အတူတူ ဂုဏ်ပြုပွဲလုပ်ချင်လား"ယွီကျစ်ယွီသည် အတန်းအဖွဲ့၏ စကားပြောခန်းကို မှတ်မိသော်လည်း မြောင်ဟန်ရဲ့အမူအရာကို ကြည့်ပြီး မတူညီတာကိုခံစားမိလိုက်သည်။ထို့ကြောင့် သူ အစမ်းသဘောဖြင့်မေးလိုက်သည်။
"ဘယ်နေ့လဲ?"
"အင်္ဂါနေ့"
မြောင်ဟန်ရှင်းပြလာခဲ့တယ်။ "ဒါက ငါတို့အိပ်ဆောင်နဲ့ ဘေးခန်းက ကျောင်းသားနည်းနည်းရယ် စီးပွားရေး အတန်းထဲက အတန်းဖော်တချို့ပါပဲ။ဒါက class activities နဲ့မတူဘူး။ အတန်းတွင်း activitiesက သောက်လို့မရဘူး၊ စကားပြောရင်လည်း ဆရာ့မျက်နှာကြည့်နေရတယ်၊ အရမ်း ငြီးငွေ့စရာကောင်းတယ်"ယွီကျစ်ယွီက ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ။ ဘယ်အချိန်လဲ"
"မသေချာသေးဘူး၊ ငါ စာပို့ဖို့ အဖွဲ့တစ်ခုဖွဲ့လိုက်မယ်၊ စိတ်မပူပါနဲ့ ငါတို့ ကျိချီကွမ်းကိုမခေါ်ပါဘူး"
![](https://img.wattpad.com/cover/360692344-288-k481147.jpg)
YOU ARE READING
ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်
Romance#This is not my own. #Credit to original Author & English Translator. #Fun transalation.