Unicode
လော့ခိုင်တစ်ယောက် လိုင်းမကောင်းမှာကြောက်သောကြောင့် ဓာတ်လှေကားထဲမှထွက်ကာ ဖုန်းခေါ်ဖို့ တိတ်ဆိတ်သောနေရာတစ်ခု ရှာလိုက်သည်။ ဆိုက်ကယ်ပေါ်က သတင်းထောက်က NB News ကပင်။ သူ ဌာနချုပ်ကို ဆက်သွယ်လိုက်ပြီး အစမှာပင် သူ့အချက်အလက်ကို ညွှန်ပြလိုက်သည်။
"ဟယ်လို၊ ကျွန်တော်က ဟွားရိဥက္ကဌရဲ့ လက်ထောက်ပါ၊ ခင်ဗျားတို့ ကုမ္ပဏီက အခုပဲ ဓာတ်ပုံရိုက်ဖို့ လူလွှတ်လိုက်သေးတယ်မလား"တခြားပါတီက ချက်ခြင်း ပြောလာခဲ့တယ်။
"မစ္စတာဖူရဲ့တောင်းဆိုချက်အရ ကျွန်တော်တို့ အဲ့ဒါကို ဖျက်လိုက်ပါပြီ""ဟင်? သူကိုယ်တိုင် တောင်းဆိုတာလား?"
"ဟုတ်ပါတယ်၊ ကျွန်တော်တို့ အားလုံးကို ဖျက်ဆီးပစ်လိုက်ပါပြီ၊ စိတ်မပူပါနဲ့"
လော့ခိုင်က အဲ့လောက် စိတ်မအေးသေးဘဲ ပိုလို့တောင် ပဟေဠိဖြစ်သွားရသည်။
ဒါဆို ဖူဟန်ကိုယ်တိုင်ကိုယ်ကျ ဖျက်ဖို့ တောင်းဆိုရလောက်အောင် သတင်းထောက်က ဘယ်လိုဓာတ်ပုံကိုရိုက်ခဲ့တာလဲ?
ယွီကျစ်ယွီသည် တစ်ညလုံး မအိပ်ဘဲ ဂိမ်းကိုပဲ အသည်းအသန် ကစားခဲ့သည်။
ဖူရွင်း၏ တစ်ခုတည်းသောကောင်းမှုမှာ စနေနေ့ညမှာ ပွဲကိုစီစဉ်ခြင်းဖြစ်သည်။ မနက်ဖြန်က တနင်္ဂနွေနေ့၊ သူ အတန်းတက်ဖို့ စောစောထစရာ မလိုဘူး။ သူကြိုက်သလောက် ကစားလို့ရသလို ပင်ပန်းလာတဲ့အခါလည်း အိပ်နိုင်တယ်။
သူ့ခန္ဓာကိုယ်ကို ကမောက်ကမ မဖြစ်ချင်ပေမယ့် သူလှဲချလိုက်တဲ့အခါ ဖူဟန်၏အနမ်းအကြောင်းတွေးမိပြီး မအိပ်ပျော်တော့ပေ။ သူ့ကိုယ်သူ လုံလောက်အောင် ပင်ပန်းသွားပြီး မျက်လုံးစုံမှိတ် အိပ်ပျော်သွားအောင်ပဲ သူ အကောင်းဆုံး ကြိုးစားနိုင်တော့တယ်။
သူ အောင်မြင်သွားခဲ့တယ်။ သူ မနက်ခုနှစ်နာရီထိတိုင်အောင် ကစားနေခဲ့ပြီးနောက် အိပ်ပျော်သွားသည်။ အိမ်မက်ဆိုး ရှိနေပေမယ့်လို့ပေါ့။
အိမ်မက်ထဲမှာ အနမ်းကိုဆက်ပြသနေခဲ့ပြီး ဖူဟန်၏လျစ်လျူရူတတ်တဲ့မျက်နှာက နောက်မှ လိုက်လာခဲ့တယ်။
YOU ARE READING
ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်
Romance#This is not my own. #Credit to original Author & English Translator. #Fun transalation.