Ep - 47

1.3K 185 10
                                    

Unicode

ဒီဇိုင်နာက သူ ဒီကို တစ်နာရီအတွင်း ရောက်မယ်လို့ ပြောခဲ့ပေမယ့် တကယ်တမ်းတော့ နာရီဝက်အတွင်း ရောက်လာခဲ့တယ််။

ဒီဇိုင်နာသည် အဖွဲ့တစ်ဖွဲ့ကို ခေါ်ဆောင်လာခဲ့ပြီး လူခုနစ်ဦး,ရှစ်ဦးစလုံးသည် ယွီကျစ်ယွီ၏ပတ်ပတ်လည်တွင် စုရုံးနေကြတယ်။ ယွီကျစ်ယွီက အရေထူပြီး အလယ်ဗဟိုတွင်ရပ်နေရတဲ့အခါ အဆင်မပြေဟု မခံစားရပေ။ သူက တွေ့သမျှလူတိုင်းနှင့် ချက်တင်လုပ်နိုင်သည်။

"ခင်ဗျားက ဒီဇိုင်နာတစ်ယောက်လား? အသက်ဘယ်လောက်ရှိပြီလဲ? မဟုတ်ပါဘူး..ခင်ဗျားကိုကြည့်ရတာ အသက်20လောက်ပဲရှိသေးသလိုပဲ......" 

ယွီကျစ်ယွီ ကိုယ်တိုင်က အသက် 19 နှစ်ပဲရှိသေးပေမယ့် မျက်လုံးထောင့်မှာ အရေးအကြောင်းဝင့်ကြွားနေတဲ့ အသက်40အရွယ် ဒီဇိုင်နာတစ်ယောက်ကို အသက်20အရွယ်နှင့်တူတယ်လို့ပြောနေခဲ့သည်။

ဒီဇိုင်နာကလည်း မိုက်မဲတဲ့သူတစ်ယောက်ဖြစ်ပြီး သူ ချီးမွန်းတဲ့အခါ ဘဝင်ခိုက်နေခဲ့၏။

"ဟုတ်တယ်၊ ငါက အသားအရည်ထိန်းသိမ်းတဲ့နေရာမှာ အရမ်းဂရုစိုက်တယ်လေ၊ လာ.. လက်မြှောက်လိုက်..အိုး..အရမ်းကောင်းတယ်"

စိတ်ကြိုက်ဝတ်စုံတွေကနေ တဖြည်းဖြည်း ကလေးတွေကိုချော့နေတဲ့မြင်ကွင်းတစ်ခု ဖြစ်လာလေတယ်။

ဖူဟန်သည် ဘေးမှကြည့်ကာ သူတွေးခဲ့သော "ကြည့်ကောင်းသည်" ဟူသော ပုဒ်စုသည် ဒီဇိုင်နာနှင့်ယွီကျစ်ယွီကြားရှိ ဖော်ရွှေစွာ ဖလှယ်နေသော ချီးမွမ်းစကားများထက် များစွာမှိန်ဖျော့သည်ဟု ခံစားလိုက်ရသည်။ ထိုအရာကို ပြောရန်မလိုအပ်ပေ။

ခါးကိုတိုင်းတဲ့အခါ ယွီကျစ်ယွီ ငြိမ်သက်သွားသည်။ သူ အသက်ရှုတာကိုထိန်းထားသောကြောင့် နှုတ်ခမ်းက ဆူထွက်နေကာ ပါးနှစ်ဖက်ဟာလည်း အသားပေါက်စီအသေးစားလေးလို ဖောင်းထွက်နေ၏။ ပေကြိုး နေရာတကျဖြစ်သွားတာနဲ့ သူ ရိုကျိုးစွာ မေးလာခဲ့သည်။
"နည်းအောင်လုပ်နိုင်မလား?"

"မင်း ဈေးညှိနှိုင်းနေတာလား"
ဒီဇိုင်နာက ရယ်ပြီး "ဒါက အရမ်းအသေးစိတ်ပါ၊ မရှိမဖြစ်ပဲ"

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now